အပိုင်း ၁၀

358 30 2
                                        

ဂျောက်....!!!

ရေချိုးခန်းတံခါးဖွင့်လိုက်တာနဲ့မြင်လိုက်ရတဲ့မျက်နှာလေးကြောင့် ဂျဲနိုမင်သတ်သွားရသည်။ရေချိုးပီးခါစမို့ရေစက်များတွဲခိုနေတဲ့မျက်နှာလေးဟာ အလွန်ချစ်ဖို့ကောင်းနေသည်။နောက် ဂျဲနိုမျက်လုံးအကြည့်ဟာ ထိုမျက်နှာပိုင်ချင်လေးရဲ့ နီးရဲဆိုစွတ်နေသော နှုတ်ခမ်းပါးလေးဆီသို့အကြည့်ရောက်တော့သည်။

ဂျယ်မင်းရေချိုးခန်းထဲကထွက်လာကတည်းက သူကိုမမှိတ်မသုတ် ရီဝေဝေမျက်လုံးများနှင့်စိုက်ကြည့်နေတဲ့ဂျဲနိုကြောင့်၊မလိုမလဲဖြစ်ကာ ဝတ်ထားတဲ့ bathrobeလေးရဲ့ ရင်ဘတ်နားလေးကိုလက်လေးနဲ့အကြောင်းမဲ့ကာထားမိသည်။ထိုအကြည့်တွေကို ဂျယ်မင်းမကြိုက်ပါ၊သူကို ရဲတင်းစွာစိုက်ကြည့်နေတဲ့သူဆိုပိုလိုပင်ဆိုးသေးသည်ပင်။

ဂျဲနိုလည်းသူကြည့်နေတာသိလို့ လက်လေးနဲ့ ရင်ဘတ်နားလေးကာလိုက်တဲ့ ဂျယ်မင်းကြောင့် အပြုံးအရယ်မရှိသောမျက်နှာသွင်ပြင်ဖြင့် ဂရုမပြုကာ ဂျဲနိုသောက်လက်စလေးလိပ်ကို မီးသတ်ကာ နှုတ်ခမ်းတွင်းမှဆေးလိပ်ငွေ့များကို အခန်းအတွင်းသို့မှုတ်ထုတ်လိုက်လေသည်။ထိုအပြုအမှုကြောင်ု ထိုလူသားလေး ဒေါသထွက်သွားမည်ကိုလည်း သူသိပါသည်။

''ခင်ဗျားလူလိုနားမလည်ဘူးလား.....ငါအခန်းထဲမင်းဆေးလိပ်ထိုင်သောက်ဖို့နေရာမဟုတ်ဘူး ၊နောက်မင်းရဲ့ဆေးလိပ်ငွေ့တွေကြောင့် အခန်းညစ်ပတ်နံဟောင်နေအောင်လုပ်နေတာလား ''

ထိုအသံလေးကိုကြားတော့ ဂျဲနို၊ဂျယ်မင်းဘက်ကိုခေါင်းငဲ့ကြည့်လိုက်ပြီး ထိုလူသားလေးဆီသို့တည့်မတ်စွာလျှောက်သွားလိုက်သည်။

သူဆီကိုဦးတည်ကာလျှောက်လာတဲ့ဂျဲနိုကြောင့် နောက်သို့ခြေနှစ်လှမ်းလောက်ဆုတ်လိုက်မိသည်။စောစောကဖြစ်သွားတဲ့ကိစ္စကြောင့်လည်း ထိုလူကိုသူနားရှိနေတာကိုမကြိုက်ပေ။သို့သော် ပါးပါးရဲ့တစ်ချက်လွှတ်အမိန့်ကြောင့် သူဘာမှမလုပ်နိုင်သေးပေ။

''မင်း.....မင်းဘာလို့ငါအနားကပ်လာတာလဲ....... အခုနောက်ဆုတ်လိုက်.....မင်းငါကိုဘယ်လိုလူထင်နေတာဟမ့်''

You're my Perfect [Complete ]Where stories live. Discover now