''စကားပြန်ပြောဖို့ အစီစဥ်မရှိဘူးလားကိုကို''
ဟယ်ချန်းပြောတာကိုတောင်အရေးမစိုက် တစ်ဖက်ကိုတောင်မျက်နှာလှည့်သွားသည်။ကားပေါ်ကဆင်းတော့လည်းစကားတစ်ခွန်းမှမဆို အခုအိပ်သည့်အချိန်ထိကိုကိုကသူကိုစကားမပြောပေ။ဟယ်ချန်းထင်တာမမှားရင် သူဟိုမိန်းကလေးနဲ့တဲဲမင်လိုက်လို့ကိုကိုက သူကိုစကားထပ်မပြောတော့တာလားလို့ပင်။ဒီတသက်သူနဲ့ကိုကို ပြန်ရောတည့်ပါအုံးမလား။ဝင်လာလိုက်တဲ့အရှုပ်တွေ......။
''အိပ်သွားပြီလားဟင်.....ကိုကိုထင်နေသလိုမဟုတ်ပါဘူး''
ဟယ်ချန်းကပြောလည်းပြောလည်းနောက်ကနေMarkရဲ့ဂုတ်သားလေးကိုဖိကပ်ကာချော့သလိုလေးနမ်းတော့ ကိုကိုကရုန်းသည်။နောက် ကိုကိုအိပ်နေရမှာထထိုင်ကာဟယ်ချန်းကိုစိတ်ကုန်သလိုကြည့်ကာပြောလာ၏။
''ဟယ်ချန်းမင်းနှုတ်ခမ်းတွေက ငါတစ်ယောက်ထဲအတွက်မဟုတ်ရင်လာမနမ်းပါနဲ့''
''ဟမ်....ဘာလိုဘာကိုလည်း''
ဟယ်ချန်းမှာနားမလည်စွာပြန်မေးမိသည်။
''မင်းဇယားမင်းသိမှာပေါ့''
ကိုကိုကမျက်နှာကိုမဲ့ကာပြောလာပြန်သည်။ျီးဘဲ....ကိုယ့်စတဲ့ဇာတ်ကိုယ့်မနိုင်တော့သလိုဘဲ...f*ck
''ဟ့....ကိုကိုက ကျွန်တော်ကိုမယုံတာလား၊သူနဲ့ကျွန်တော်နဲ့ကဘာမှမဆိုင်ဘူး၊ဘာမဟုတ်တာလေးနဲ့စိတ်ဆိုးမနေပါနဲ့''
''ဘာ....ဘာမဟုတ်တာလေးဟုတ်လား၊မင်းနဲ့ငါနဲ့ကဘာတွေလည်း ဟမ်ဟယ်ချန်းပြောလေ''
ဟယ်ချန်းကို Markကအနီးနားကခေါင်းအုံးနဲ့ရိုက်ကာမေးတော့သည်။Markမှာစိတ်တိုလွန်းတော့ ဟယ်ချန်းကိုဘဲအသေရိုက်ပစ်ချင်သည်။သူကဘဲလူကိုပြန်ပြောရတယ်ရှိသေး။
''တော်ပါတော့....ကိုယ့်ရည်းစားကိုနှိပ်စက်မှုနဲ့ထောင်ကျမယ်နော်''
''ကျပါလေ့စေ.....မင်းကိုအသေလုပ်ချင်နေတာ၊မင်းဆိုးတိုင်းငါသည်းခံပေးနေတာကိုလိုတာထပ်အခွင့်ရေးယူလွန်းတယ် ချန်း''
ရိုက်တာကိုရပ်ကာ ဟယ်ချန်းကိုလည်းမကြည့်ခေါင်းကိုငုံ့ထားလေသည်။နည်းနည်းတော့အခြေနေကောင်းလာပြီထင် မင်းတွေငါတွေကနေ သူကိုလည်းပုံမှန်ခေါ်သလိုချန်းလိုခေါ်ပြီမလား။
YOU ARE READING
You're my Perfect [Complete ]
Short Storyစတွေ့တဲ့အချိန်တုန်းက တစ်စက်ကလေးမှကြည့်မရခဲ့ပေမဲ့လို့ အခုအချိန်မှာတော့ မင်းကိုကြည့်မဝတော့ဘူးအချစ်ရယ်... ♡ Jeno
![You're my Perfect [Complete ]](https://img.wattpad.com/cover/337596731-64-k532583.jpg)