ဂျယ်မင်းဒီနေ့ စိတ်ထဲအနည်းငယ်တော့ပျော်နေသလိုပင်......မဟုတ်ဘူးပျော်ကိုပျော်နေတာပင်။ချစ်ရသူနဲ့အပြင်အတူတူသွားရမည်ဆိုတဲ့ ခံစားချက်ကိုပထမဦးဆုံးခံစားရတာမို့ စိတ်လှုပ်ရှားပါသည်။အရင်ဆိုထိုလူကိုသိပ်အရေးတယူလုပ်ကာစိတ်ထဲသိပ်မထည့်ပေမဲ့ အခုတော့မတူတော့ပေ။အိမ်အပေါ်ထပ်ကနေ မျက်နှာလေးကိုပြုံးရွှင်ကာဆင်းလာတဲ့ မောင်ဖြစ်သူကို yunaကြည့်ကာလိုက်ပြုံးမိ့လိုက်သည်။ဂျယ်မင်းလေးဟာ အိမ်မှာပါးပါးရဲ့ချုပ်ချယ်မှု့ကိုအခံရဆုံးကလေးပင်။သူတို့အပေါ်အမြဲဆိုးကာ မနိုင်စိန်လေးလို့ထင်ရပေမဲ့ အခန်းတံခါးပိတ်ကာအသံတိတ်ငိုနေတတ်တဲ့မောင်ဖြစ်သူရဲ့ စိတ်ခံစားချက်လေးတွေကို အမဖြစ်သူyunaသိပါသည်။ဘယ်လိုဘဲကြည့်ကြည့် ဂျယ်မင်းလေးဟာအရမ်းချစ်စရာကောင်းတဲ့ ကောင်လေးသာ။
''ငယ်လေး အပြင်သွားမလို့လား''
''ဟုတ် မမ''
ပြောလည်းပြော ဧည့်ခန်းထဲထိုင်ကာစာဖတ်နေတဲ့အမဖြစ်သူရဲ့နားကိုသွားကာ အမဖြစ်သူyunaပခုံးလေးကိုခေါင်းလေးတင်လိုက်ကာ စကားစလိုက်သည်။
''မမ''
''ပြောလေ ငယ်လေး၊ထူးထူးဆန်းဆန်းလာချွဲနေတာ''
မောင်ဖြစ်သူရဲ့ခေါင်းကိုပွတ်သပ်ကာ yunaနူ့ညံ့စွာပြောလိုက်သည်။သူမထင်နေသည်အကြောင်းအရာများဖြစ်နေမလားပင်။
''ကျွန်တော်လေ......ဟို....''
''ပြောပါငယ်လေး၊ငယ်လေးစိတ်ထဲအရှိအတိုင်းဘဲပြော မင်းအမကနားလည်တာမို့''
''ပါးပါးနဲ့မားရော''
''မရှိဘူးလေ ငယ်လေး၊ဘူဆန်ကိုအလုပ်ကိစ္စနဲ့မနက်ကဘဲထွက်သွားကြတယ်''
အဲ့တာကြောင့် ဂျယ်မင်းမနက်ထဲကမမြင်တာပင်။အခုတော့စိတ်ဖြောင့်ဖြောင့်နဲ့သွားလိုရတာပေါ့။ဒါပေမဲ့ ကိုယ့်ကသာသွားဖို့ကိုရမ်းနေတာ မနက်ထဲကတစ်ယောက်သောသူရဲ့အရိပ်ယောင်တောင်ဂျယ်မင်းမတွေ့သေးပေ။
''ငယ်လေး မပြောသေးရင်၊မမမေးစရာရှိတယ်''
ဂျယ်မင်းမှာထိုလူအကြောင်းတွေးလိုက်ရင်ကိုလူက ပတ်ဝန်းကျင်တစ်ခုလုံးရပ်တန့်သွားသလိုပင်။အခုလည်း မမအသံကြားမှလူကအသိ့ပြန်ဝင်ပေသည်။
YOU ARE READING
You're my Perfect [Complete ]
Short Storyစတွေ့တဲ့အချိန်တုန်းက တစ်စက်ကလေးမှကြည့်မရခဲ့ပေမဲ့လို့ အခုအချိန်မှာတော့ မင်းကိုကြည့်မဝတော့ဘူးအချစ်ရယ်... ♡ Jeno
![You're my Perfect [Complete ]](https://img.wattpad.com/cover/337596731-64-k532583.jpg)