အပိုင်း ၄၀

272 25 2
                                        


''မင်းအိကျီလှဲဖို့လိုတယ် ကောင်လေး''

''ဟင့်အင်း.....သူ...သူအထဲမှာလေ''

ဝူဂျင်းသူကို ခေါင်းကိုရမ်းပြကာသွေးစများပေကျံနေသည်လက်နဲ့ မျက်နှာကိုသုတ်ပစ်သည်ကောင်လေးကို ဒီအတိုင်းသာကြည့်မိ၏။ထပ်ပြောရင်လည်းနားထောင်မိ့ပုံမပေါ်ပေ။ထိုကောင်လေးဝတ်ထားသည်အိကျီမှာလည်း သွေးတွေစွန်းထင်နေသည်က မြင်လို့တောင်မကောင်းသောကြောင့်.....သခင်လေးကိုအကြောင်းကြားတုန်းက ထိုကောင်လေးအတွက်အဝတ်အစားပါယူလာပေးရန်ပြောထားလိုက်သည်။သခင်လေးကို အကြောင်းကြားထားသည်ကအနည်းငယ်ကြာနေပြီမို့ ရောက်လာတော့မည်ထင်။

''ဟင်းးးး''

ဝူဂျင်း ထိုကောင်လေးကိုကြည့်ကာ သက်ပြင်းသာခပ်လေးလေးချမိသည်။ခွဲစိတ်ခန်းထဲက သူကိုဝူဂျင်းသိ၏။အခြားအကြောင်းတွေကြောင့်မဟုတ်.....ထိုလူကသူတို့ဂိုဏ်းလောကမှာ သြဇာရှိသူတစ်ယောက်လိုဖြစ်နေသလို၊အရမ်းတော်တဲ့ လူတစ်ယောက်ပင်။ထိုလူကို အခုလိုပုံစံဖြင့်မြင်လိုက်ရသည်အချိန် ဝူဂျင်းမယုံနိုင်သည်အထိဖြစ်သွားရသည်။ထိုဂျဲနိုဆိုတဲ့လူမျိုးက မနိုင်နိုင်စရာအကြောင်းမရှိပေ။ဒါကို ဘာကြောင့်များအခုလိုဖြစ်သွားရသလည်းဆိုတာ စဥ်းစားစရာပင်။

''ဂျယ်မင်း! !''

ဂျယ်မင်း ထိုအသံကိုကြားလိုက်ရသောကြောင့်ကြည့်လိုက်သည်အချိန်....သူဆီကိုပြေးလာသည်ဟယ်ချန်း။ဟယ်ချန်းရဲ့အနောက်မှာလည်း Mark hyungပါ ပါလာလေသည်။ဂျယ်မင်းအခုမှ အားကိုးရာရသလိုဟယ်ချန်းကိုပြေးဖက်လိုက်ကာ ငိုမိ၏။

''အဲ့လူအခုထိ....အထဲမှာဘဲ...အင့်...ရှိသေးတယ် ဟယ်ချန်း''

''အင်း အဆင်ပြေသွားမှာပါ''

''ဟင့်အင်း....သူရင်ဘက်မှာသေနတ်....သေနတ်မှန်သွားတယ် ဟင့်...ငါဘာဆက်လုပ်ရမှာလည်း''

ဟယ်ချန်းထိုမျှလောက်အထိ အခြေအနေဆိုးနေမည်ကိုသိမထားပေ။အခုဟာက သူ့သူငယ်ချင်းအပေါ်Mr.Naက အရမ်းရက်စက်လွန်းနေပြီဖြစ်သည်။ဟယ်ချန်း သူကိုဖက်ထားသည်ဂျယ်မင်းရဲ့ကျောပြင်လေးကို ပွတ်သပ်ကာပြောလိုက်၏။

You're my Perfect [Complete ]Where stories live. Discover now