အပိုင်း ၃၅

328 22 8
                                        


ဂျောက်!!

ဂျဲနိုတံခါးကိုဖြေးညင်းစွာဖွင့်လိုက်ပြီး ဝင်လိုက်သည့်နှင့်စာပြည့်စားပွဲမှာရှိနေဆဲဖစ်တဲ့သူလေးကိုတွေ့လိုက်ရတော့ မျက်ခုံးတစ်ချက်ပင့်မိလိုက်၏။သူထင်ထားသည်က အခုချိန်ဆိုကုတင်ပေါ်မှာ ကွေးကွေးလေးအိပ်နေမဲ့သူလေးကိုတွေ့ရမည်ထင်ထားပေမဲ့ အခုချိန်ထိတစ်ယောက်သောသူလေးကထူးဆန်းစွာမအိပ်သေးပေ။သူဝင်လာသည်ကိုပင် ထိုခန္ဒာကိုယ်လေးတစ်ချက်လှုပ်သွားပေမဲ့ အကြည့်လေးသူဖက်ကိုလှည့်၍မစွန့်ကြဲပေ။

ဂျဲနိုရဲ့ခြေလှမ်းတွေက စာကြည့်စားပွဲလေးနဲ့ဆန့်ကျင်ဖက် ကုတင်ရှိရာဆီသွားလိုက်ကာ ထိုင်လိုက်ပြီးသူရှေ့ကသူလေးကိုကြည့်၍ ပြောလိုက်၏။

''ဒီအချိန်ကြီး ဘာလို့လာတာလည်းလို့တောင်မမေးတော့ဘူးလား''

သူဘက်ကစကားဆိုလိုက်မှ ကျောပေးကာထိုင်နေသူလေးကထလာပြီး ကုတင်ပေါ်မှာထိုင်နေတဲ့သူဆီကိုခြေလှမ်းမှန်မှန်နဲ့လျှောက်လာကာ ဂျဲနိုပေါင်ပေါ်သို့တင်ပါးလွဲထိုင်လိုက်ပြီးလက်နှစ်ဖက်ကိုလည်း သူပခုံးပေါ်သို့တင်တယ်ဆိုယုံလောက်လေးတင်ကာ ပြောလာသည်။

''အဲ့လို မေးလို့ရတယ်ဆိုရင်တောင် ကျွန်တော်မမေးဘူး''

''ဘာလို့လည်း''

ဂျဲနိုနောက်ကနေ ဂျယ်မင်းရဲ့ခါးလေးကိုထိန်းကိုင်ကာမေးမိပြန်သည်။သူအချစ်က သူအမေးကိုသဘောကျစွာပြုံးလိုက်လေ၏။စက္ကန့်ပိုင်းလောက်လေး ပြုံးလိုက်တဲ့အပြုံးလေးကိုတောင်ဂျဲနိုမမှိန်မသုတ်စိုက်ကြည့်နေမိသည်။နှင်းဆီဖြူတစ်လို့ ကြည်လင်တဲ့အပြုံးလေးတစ်ခုကို စကားလုံးတွေနဲ့သာတင်စားလို့ရရင် ဂျဲနိုစာအုပ်တစ်အုပ်ထဲမှာ စာဖွဲ့ကာရေးနေမိလောက်ပေသည်။

''ခင်ဗျားအပိုင်က ကျွန်တော်မဟုတ်ဖူးလား''

''သိပ်ဟုတ်တာပေါ့''

''အင်းလေ အဲ့တော့ကျွန်တော်ကိုတောင်အပိုင်စားရထားပြီဘဲ၊ကျွန်တော်အခန်းထဲဝင်လာတာကို ကျွန်တော်ကမေးနေရအုံးမှာလား''

''အချစ်က စကားတတ်လိုက်တာ''

''အရင်ကတည်းက စကားတတ်တာပါနော်''

You're my Perfect [Complete ]Where stories live. Discover now