အပိုင်း ၃၄

309 17 0
                                        


''ဆရာ ကျွန်တော်ရောက်ပါပြီ''

taeyongအခန်းတံခါးကို နှစ်ဆင့်ခေါက်ကာအသိပေးလိုက်သည်။တစ်ဖက်က ဝင်လာရန်အသံပြုတော့မှMr.Naရဲ့အလုပ်ခန်းထဲသို့ဝင်လိုက်၏။ဝင်ဝင်ချင်းမြင်တွေ့နေကြဖြင့်တဲ့ သူဆရာဖြစ်သူရဲ့မျက်နှာဟာအရင်နှစ်တွေကထက် ပိုအိုစာလာသည်လိုtaeyongထင်မိသည်။သောကတွေ၊မကုန်ဆုံးနိုင်တဲ့အပူမီးတွေကြောင့်လည်းဖြစ်မည်ထင်။

''ငါ မင်းကိုတာဝန်ပေးစရာရှိတယ်၊လက်ခံမလား''

''ကျွန်တော် လက်ခံရမလားဆိုတာထက်၊ဆရာရဲ့တာဝန်လိုအမည်ထက်ထားတဲ့ အလုပ်ကိုဘဲပြောလိုက်ပါ''

Mr.Naသူရဲ့စကားကို လည်လည်ဝယ်ဝယ်ရှိလှတဲ့အတွင်းရေးမှူးကြောင့် သဘောကျစွာရယ်လိုက်၏။သူရှေ့မှာရပ်နေတဲ့ အတွင်းရေးမှုးကိုအရင်ထိုင်ရန်ပြောလိုက်သည်။

''ထိုင်ပါအုံး အရင်ဆုံးစကားပလ္လင်ခံရအောင်''

''ဟုတ်ကဲ့''

taeyong၊Mr.Naရဲ့မျက်နှာချင်းဆိုင်ထိုင်ခုံမှာဝင်ထိုင်တဲ့အထိ သူ့ဆရာဟာစကားတစ်ခွန်းမစသေးပေ။

''ဂျဲနိုဆိုတဲ့ကောင်လေးကို မှတ်မိသလား''

''ဟုတ်ကဲ့ မှတ်မိပါတယ်''

တွေ့တိုင်းမနှုတ်ဆက်ကြပေမဲ့လို သူစိတ်ထဲမှာတော့ထိုကောင်လေးကို ရင်းနှီးပေသည်။ထိုဂျဲနိုဆိုတဲ့ကောင်လေးကသာ သူကိုဆိုမျက်နှာကြောတင်းကာဆက်ဆံတတ်တာဖြစ်သည်။

''အဲ့ကောင်လေးရဲ့ မိသားစုနောက်ခံကိုရှင်းပေးနိုင်လား''

ကြားလိုက်ရတဲ့စကားကြောင့် တည်ငြိမ်နေတဲ့သူစိတ်တွေပင်လှုပ်ခပ်သွားရ၏။သူဆရာရဲ့ အဆုံးသတ်ချင်းမရှိတဲ့ရက်စက်မှုတွေဟာပိုလိုပင်များလာလေသည်။သူမလုပ်ရင်လည်း အခြားသူတွေကိုစေခိုင်းမည်ကကြိမ်းသေပင်။ဘယ်လို့ဘဲဖစ်ဖြစ် သူမလုပ်နိုင်၊သူမလုပ်ရက်ပေ၊သူတတ်နိုင်သည့်က မျက်ကွယ်ပြုယုံသာတတ်နိုင်ပေသည်။

''တောင်းပန်ပါတယ် ဆရာ ကျွန်တော်မလုပ်နိုင်ပါဘူး''

Mr.Na မတ်တက်ထရပ်ကာခေါင်းကိုငုံ၍ပြောလာသောသူအတွင်းရေးမှူးဖြစ်သူရဲ့ တုန့်ပြန်မှုကိုသိနေသည်အလားခေါင်းကိုငြိမ့်ပြကာ ပြောလာ၏။အခုချိန် ထိုလူရဲ့ပါးစပ်ကထွက်ကျလာတဲ့စကားတိုင်းက ဂျဲနိုရဲ့မိသားစုကိုဖြိုခွဲဖို့ပင်။ရက်စက်တယ်၊ကြမ်းရှုပ်တယ်၊သူအတွက် လိုအပ်နေသေးရင်သုံးပြီးမလိုတော့ရင်လည်းခေါက်မထားဘဲ အပြတ်ရှင်းတတ်သည်က၊သူရဲ့လက်သုံးကျင့်စဥ်ပင်။

You're my Perfect [Complete ]Where stories live. Discover now