အပိုင်း ၂၈

372 33 0
                                        

(စလုံးပေါင်း အမှားပါရင်သည်းခံပေးပါအုံး ဒီကအပျင်းကြီးက မစစ်ဘဲတင်ထားလို့ပါ)

''ချန်း ကိုယ့်တို့ကိုလက်ခံပါမလား''

စိုးရိမ်မှုတွေလွန်ကဲနေတဲ့ ကိုကိုရဲ့မျက်နှာလေးကိုသေချာကြည့်ကာ ဟယ်ချန်းစိတ်ကိုချော့ထားရန်ပြောလိုက်သည်။ဒီနေ့က ဟယ်ချန်းသူတို့နှစ်ယောက်အကြောင်းကို သူရဲ့မိဘတွေဆီအသိပေးရန်လာခဲ့ခြင်းပင်။အခုအိမ်တော်ရဲ့အရှေ့မှာ နှစ်ယောက်သား ခြေစုံရပ်ပြီးကာမှ ကိုကိုကစရစ်နေပြီဖြစ်သည်။

''ဘာမှမဖြစ်ပါဘူး သူတို့လက်မခံလည်းဘာအကြောင်းလည်း''

''အဲ့လိုပြောလိုမရဘူးလေ ချန်း၊သူတိုရဲ့လက်ခံပေးမှုကလည်းကိုယ့်တို့ကိုအားဖြစ်စေမှာဘဲလေ''

''အွန်းပါ အခုတော့ဝင်ကြရအောင်''

ပြောပြီးသူတို့နှစ်ယောက်ကိုခြံစောင့်လိုထင်ရတဲ့ကောင်လေးတစ်ယောက်က ခြံတစ်ခါးလာဖွင့်ပေး၏။သူတို့နှစ်ယောက်လည်း တိတ်တဆိတ်သာလမ်းဆက်လျှောက်လိုက်ပြီး ခနအကြာအိမ်ကြီးရှေ့သိုအရောက် Markမှာဆက်မဝင်ဘဲရပ်နေမိပြန်သည်။

''ဘာမှမဖြစ်ပါဘူး လာပါဝင်ရအောင်''

''ဟူးးးးးး စိတ်လှုပ်ရှားနေလို့''

Markလည်းဟယ်ချန်းရဲ့လက်လေးကို တင်းနေအောင်ဆုပ်ကိုင်ထားကာ အိမ်ကြီးထဲသို့ဝင်လိုက်၏။ဝင်လိုက်သည်နှင့် အိမ်ရဲ့ကြမ်းပြင်တွေကတောင် ခြေချဖို့တောင်မသင့်တော်သလိုပင်။တဖိတ်ဖိတ်လက်နေပြီး အိမ်ကြီးရဲ့အတွင်းအပြင်အဆင်တွေက မျိုးရိုးကြီးလူချမ်းသာတွေဆိုတာသိသာလှသည်။သူကြောင်အစွာ ငေးကြည့်နေရင်းပင် ဧည့်ခန်းလို့ထင်ရတဲ့နေရာကို ဟယ်ချန်းကဦးဆောင်ကာ နှစ်ယောက်သားဝင်သွားလိုက်သည်။ဧည့်ခန်းထဲမှာ ထိုင်နေတဲ့လူတွေကသိပ်တော့မများလှပေ။အသက်၄၀ကေျာ်လောက်ရှိမယ်လို့ထင်ရတဲ့လူကြီးတစ်ယောက်ကထိုင်နေပြီး ထိုလူရဲ့ဘေးနားမှာသက်လက်ပိုင်းအရွယ်အန်တီတစ်ယောက်ကထိုင်နေ၏။ထိုအန်တီရဲ့ပုံစံဟာ အသက်သာကြီးနေပင်မဲ့ တင့်တယ်ကာလှပနေစဲပင်။ထိုလူနှစ်ယောက်ရဲ့ဘေးခုံမှာတော့ Markနဲ့အသက်မတိမ်းမယိမ်းအရွယ်မိန်းကလေးတစ်ယောက်ထိုင်နေသည်။လူအရမ်းမများတော့ Markစိတ်ထဲနည်းနည်းတော့နေသာသေးသည်။

You're my Perfect [Complete ]Where stories live. Discover now