ဟယ်ချန်းcondoကအပြန်လမ်းအလျှောက်ကားအတွင်းထဲကလူနှစ်ယောက်ဟာတိတ်ဆိတ်နေကြသည်။ပျင်းစရာကောင်းလောက်အောင်တိတ်ဆိတ်နေတာမဟုတ်ဘဲ ကားထဲတွင်သီချင်းသံခပ်တိုးတိုးဖွင့်ထားသောကြောင့်အနည်းငယ်တော့ အဆင်ပြေလှသည်လို့ဆိုရမည်။သို့သော်တစ်ယောက်သောသူရဲ့ စိတ်ထဲဖြစ်ပေါ်နေတဲ့မေးခွန်းလေးကိုမေးဖို့ရာတုန့်ဆိုင်းနေလို့သာ ဒီလောက်တိတ်ဆိတ်နေတာလို့ပြောရင်ပိုမှန်နေမလားလေ။
''ခင်ဗျားမှာ ရည်ရွယ်ထားတဲ့လူရှိလား၊ဟိုဗျာ.....ဆိုလိုချင်တာကသဘောကျနေတဲ့လူလိုမျိုးပေါ့''
ဂျယ်မင်းဒီစကားများကိုတည်ငြိမ်သောလေသံလေးနဲ့ဂျဲနိုကိုမကြည့်ဘဲကားအပြင်ဖက်က ရှူ့ခင်းများကိုအကြောင့်မဲ့ငေးကြည့်၍မေးလိုက်မိသည်။တစ်ဖက်လူပြန်ဖြေလာမဲ့ အဖြေကိုလည်းရင်တထိတ်ထိတ်နဲ့စောင့်နေမိသည် ခံစားချက်ကဂျယ်မင်းကိုခံရခက်စေသည်။
ဂျဲနိုသည်လည်း ဂျယ်မင်းအမေးစကားကိုသေချာတွေးတောကာ စဥ်းစားနေပုံသည်။
''အင်းးးး ဘယ်လို့ပြောရမလည်း အချစ်ပြောသလို့ပေါ့ ၊ကိုယ့်မှာရည်ရွယ်ထားတဲ့လူရှိတယ်၊နောက်ပြီး အဲ့လူသားလေးကိုလည်းအပိုင်လိုချင်မိတယ်''
ထိုစကားများပြောနေတဲ့အချိန် ဂျဲနိုရဲ့မျက်နှာမှာပြေပစ်တဲ့အပြုံးမျိုးဖြစ်တည်နေမှာအသေချာသည်။ကားကိုလည်းဂရုစိုက်မောင်းနေသောကြောင့် ဂျယ်မင်းသူကိုငေးကြည့်နေသည်ကိုသည့်သော်လည်း ထိုစကားထပ်အပို ထပ်မပြောဖြစ်ပါ။ဒီကောင်လေး သူကိုမေးစရာစကားကျန်နေသေးပုံပင်။
''သူကဘယ်လို့ပုံစံမျိုးလည်း''
ဒီစကားမျိုးက ဂျယ်မင်းအနေနဲ့မမေးသင့်ပေမဲ့ သိချင်မိသည်။ဒီလူသဘောကျရတဲ့လူက ဘယ်လောက်များကြည့်ကောင်းပြီး လှနေတဲ့မိန်းကလေးမို့လို့လည်း။
''သူကလား....အဲ့လူသားလေးရဲ့မျက်တောင်လေးတွေနဲ့ဝန်းရံထားတဲ့မျက်လုံးဝိုင်းလေးတွေကို အရမ်းသဘောကျတယ်၊နောက်ပြီး သူရဲ့အရာရာတိုင်းကိုမြတ်နိုးတယ်၊သိတယ်မလား လူတစ်ယောက်ကအခြားလူတစ်ကိုသဘောကျတဲ့ခံစားချက်ကို....''

YOU ARE READING
You're my Perfect [Complete ]
Truyện Ngắnစတွေ့တဲ့အချိန်တုန်းက တစ်စက်ကလေးမှကြည့်မရခဲ့ပေမဲ့လို့ အခုအချိန်မှာတော့ မင်းကိုကြည့်မဝတော့ဘူးအချစ်ရယ်... ♡ Jeno