အပိုင်း ၅

322 29 0
                                        

ဒီနေ့တော့Markတစ်ယောက်ထဲသာဖြစ်သည်။ဂျဲနိုကလည်းbarမှာအလုပ်လုပ်တာဖြစ်တော့ဒီအချိန်တွေဆိုအိပ်ကာညမှbarမှာအလုပ်ဝင်လုပ်ရတာ​ဖြစ်သည် ။အတွေးနဲ့အတူအခန်းထဲကထွက်ကာသူ့ရဲ့တစ်ခုတည်းသောအပိုင်ဖြစ်တဲ့စက်ဘီး​လေးနဲ့အပြင်ကိုထွက်လာတော့၏။စက်ဘီးနင်းကာလမ်းမ,ထက်နင်းရင်းနဲ့မျက်နှာကိုလာရောက်ထိတွေ့တဲ့လေနုနုလေးတွေကြောင့်ပြုံးမိလိုက်သည့်မျက်နှာလေးဟာကြည်လင်ကာအပူအပင်ကင်းလှသည်။

''အွန်းးး အေးနေတော့ ကော်ဖီလေးဝယ်သောက်ရင်ကောင်းမလား''

ပါးစပ်ကလည်း​​ပြောလူကလည်းsweet dream ဆိုတဲ့cafeဆိုင်ထဲသို့ဝင်ကာထိုင်လိုက်သည်။အခုမှဘဲနေလို့ကောင်းသွားတော့၏။Markဟာအသက်26ဖြစ်ပေမဲ့အခုအချိန်ထိုအလုပ်လက်မဲ့သာဖြစ်သည်။ဂျဲနိုကိုသာအလုပ်ရှာပေးခဲ့တာ သူကတော့အခုအချိန်ထိအလုပ်မရသေးပေ။ကြာရင် အိမ်ပေါ်ကနေခေါင်းနဲ့ဆင်းရလိမ့်မည်။ခနအကြာသူရှေ့သို့လူတစ်ယောက်ခြေစုံလာရပ်တော့၏။

''ထပ်တွေ့ပြန်ပီနော်''

ပြောလည်းပြောထိုကောင်လေးဟာသူ့အရှေ့ကခုံမှာဝင်ထိုင်လိုက်သည်။သူ့မျက်မှောင်ကြုပ်မိလိုက်၏။ဘာလဲဟ လူကိုမပြောဘဲဝင်ထိုင်ရတယ်လို့။

''ဝင်ထိုင်လို့ရတယ်မလား ထိုင်လိုက်ပီနော်''

ထိုင်ပီးနေပီဘဲကိုဘာလို့လာပြောနေတာလဲ။ခုံအလွှတ်များမရှိလို့များလားလို့ဆိုင်ထဲကိုဝေ့ကြည့်မိတော့လည်းသူ့တို့နဲ့အခြားလူတစ်ယောက်စနှစ်ယောက်လောက်သာဆိုင်ထဲတွင်ရှိ၏။

''ကျွန်တော်ကိုမမှတ်မိဘူးလား ဗျ''

ကောင်လေးဟာသွား၃၂ပေါ်အောင်ပြုံးပီးပြောနေသ​​ေယာင်။
သူဒီကောင်လေးကို တကယ်မသိဘာ၊ ဘယ်မှာများတွေ့ဖူးလို့သူကိုစကားတွေလာပြောနေတာလဲမသိ၊ထိုသို့တွေးကာ မသိဘူးလို့ပြောမလို့ရှိသေး သူတို့အနားသို့ waiterလေးရောက်လာလို့ ကော်ဖီမှာလိုက်ကာ ရှေ့ကကောင်လေးကို
ကြည့်ကာပြောလိုက်မိ၏။

''မင်းရော မမှာတော့ဘူးလား''

''ကျွန်တော်က သောက်ဖို့လာတာမဟုတ်ဖူး အကိုမျက်နှာလေးကြည့်ချင်လို့''

You're my Perfect [Complete ]Where stories live. Discover now