အပိုင်း ၂

413 36 3
                                        


'' အေးအဲ့ဒီအောက်တန်းစားဆိုတဲ့ကောင်ကမင်းရဲ့မာနတွေကိုတစ်လွှာချင်းစီရိုက်ချိုးပြမယ် ''

ဂျယ်မင်းကတော့ဘာမှမပြောမဲ့ပြုံးတစ်ချက်ပြုံးကာထိုနေရာမှထွက်သွားတော့သည်။ဂျဲနိုမှာထွက်သွားပီဖြစ်တဲ့ကားကိုကြည့်ကာ ဒေါသတို့အတောမသတ်နိုင်ဖြစ်နေတော့သည်။

''လာပါကွာ ပြန်ကြရအောင် ဂျဲနိုရာ ''

တကယ်လည်း Markဒီနေရာမှာဆက်မနေချင်တော့ပါ။အလုပ်ကမရပါဘူးဆို ရန်ပွဲပါဖြစ်တော့မလိုပင်။ ဒင်းကတော့ပြန်ဖို့တောင်တွေးရဲ့လားမသိ တောင်ခေါက်လိုက် ဘေးနားကကျောက်ခဲတွေကိုခြေတောက်နဲ့ကန်လိုက်သာ နေတော့သည်။

''အေး မင်းလည်းအမြဲတမ်းခံနေသိလား အဲ့တာကြောင့်မင်းဘဲခံနေရတာ ''

နောက်ဆုံးတော့လည်းမြှားဦးကကိုယ့်ဘဲပြန်ဦးတည်လာတော့သည်လေ။စိတ်ထားကောင်းတဲ့ အီမားခု လေးစိတ်ချော့။ ဟူးးး

''ပြန်မှာဆိုလည်းလာလေ ပြန်မယ် ''

Markမျက်နာကိုမဲ့လိုက်ကာ အမယ်သူကတောင်ပြောရတယ်ရှိသေး။တွေးနေတုန်းရှိသေး ဂျဲနိုကထွက်သွားပီမို့နောက်ကလိုက်ရတော့သည်။

..........

''တစ်နေ့ကုန် စိတ်ပျက်စရာတွေကြီးဘဲ ''

''ဘာတွေစိတ်ပျက်နေတာလဲ ကိုယ့်အချစ်လေးက ''

''အီဟယ်ချန်း!! ငါကိုအဲ့လိုမခေါ်နဲ့လို့ဘယ်နှစ်ခါပြောရမလဲ လူကစိတ်ကြည်နေတာမဟုတ်ဘူးနော် ''

ဂျယ်မင်းပြောလိုက်မှဟယ်ချန်းပါးစပ်ပိတ်သွားတော့၏။ဒါပေမဲ့ ဂျယ်မင်းမခေါ်ပါနဲ့လို့ဘယ်လောက်ပြောပြော အီဟယ်ချန်းတို့ကတော့ခေါ်နေမှာဘဲ။ဘယ်သူလဲအရည်ထူတဲ့အီဟယ်ချန်းဘဲလေ ဟက်။ကိုယ့်အတွေးနဲ့ကိုယ်ံ့ပြုံးနေမိ့ပေမဲ့ရုတ်တရက်ဂျယ်မင်းရေဘူးနဲ့ပေါက်လိုက်မှအတွေးတွေရပ်သွားတော့သည်။

''ငါပြောနေတာလဲ ဂရုစိုက်ပါအုံး ''

ဂျယ်မင်းနဲ့ဟယ်ချန်းဟာငယ်ပေါင်းတွေဖြစ်သည်အလျှာက်စကားပြောရင်လည်းအားမနာတမ်းပြောလေ့ရှိသည်လေ။

''ပြောပါအုံး ဘယ်လိုဖြစ်တာလဲ ဂျယ်မင်း''

ကိုယ့်အရှိန်ကိုယ်သတ်ကာဟယ်ချန်းမေးရတော့သည်။

You're my Perfect [Complete ]Where stories live. Discover now