ဂျယ်မင်းဒီနေ့အခန်းထဲကအပြင်ကိုမထွက်ဖြစ်ပေ။လူကလည်းနည်းနည်းနုံးနေသောကြောင့် အခန်းအောင်းပြီးသာစာလုပ်နေလိုက်သည်။သို့ပေ စာလုပ်နေပေမဲ့စိတ်ကတော့တစ်ယောက်သောသူဆီကိုသာ တဝဲဝဲလည်လည်ရောက်နေပေသည်။ညတုန်းကထိုလူနဲ့ဂျယ်မင်းစကားများတော်တော်ပြောဖြစ်ခဲ့လေသည်။ဂျယ်မင်းမှာ ဖုန်းပြောနေရင်းပင်အိပ်ပျော်သွားသောကြောင့်မနက်နိုးတော့ လူကငေါက်ကနည်းထ ထိုင်မိ့ကာဖုန်းကိုရှာမိသည်က ပြန်တွေးကြည့်ရင်ရယ်ချင်စရာပင်။အခုညနေ5နာရီလောက်ပင်ရှိနေပေသည်။အခန်းထဲကနေ ပြတင်းပေါက်အပြင်ဘက်ကိုသွားသွားကြည့်မိ့သည်ကလည်းအခေါက်ပေါင်းမနည်းတော့ပေ။
ဒေါက်!! ဒေါက်!!
''အကိုလေး ကျွန်မတို့ရောက်ပါပြီ''
ဂျယ်မင်းအတွေးများနေတုန်း အခန်းရှေ့ကသူရဲ့ဝေယျာဝေစများလုပ်ပေးတဲ့ကောင်မလေးတွေရောက်လာသောကြောင့် ဝင်လာခဲ့ရန်အသံပြုလိုက်တော့ ထိုကောင်မလေးတွေမှာသူအခန်းထဲသို့ ခပ်ကုတ်ကုတ်လေးတွေဖြင့်ဝင်လာကြသည်။ဒီနေ့ဂျယ်မင်းမနက်က အခန်းထဲမှာပိုးဟပ်တွေ့ကာ တိုက်ပွဲများဖြစ်ခဲ့သောကြောင့် အခန်းကအနည်းငယ်ရှုပ်ပွသွားလေ၏။
ထိုကောင်မလေးတွေကိုအခန်းရှင်းရန်ခေါ်ထားခြင်းသာ။
ကောင်မလေးတွေမှာသူအလုပ်သူလုပ်ကာ အခန်းကိုရှင်းနေရင်းထိုကောင်မလေးများထဲမှတစ်ယောက်ဟာ ဂျယ်မင်းစားပွဲပေါ်မှာထားလေရှိတဲ့ပန်းအိုးလေးကိုတိုက်မိကာ ကြမ်းပြင်ပေါ်သို့လှပတဲ့ကြွေပန်းအိုးလေးဟာကွဲသွားလေသည်။ထိုအသံကြောင့် ကုတင်ပေါ်ထိုင်ကာစာဖတ်နေတဲ့ဂျယ်မင်းဟာ ထိုမိန်းကလေးကိုမျက်နှာသေဖြင့်ကြည့်လာတော့ ထိုမိန်းကလေးမှာခေါင်းကိုမဖော်တန်းငုံ့ထား၍အသံများတုန်ရီကာတောင်းပန်လာလေသည်။
''တောင်း......တောင်းပန်ပါတယ်အကိုလေး ကျွန်မမမြင်လိုက်မိ့လို့ပါ''
''ထားတော့ နောက်မဖြစ်နေနဲ့''
ဂျယ်မင်းစကားကြောင့်ထိုမိန်းကလေးသာမက ေဘးနားကကောင်မလေးများပါအံ့သြကုန်ကြသည်။အရင်ဆို အမြဲဆူငေါက်ကာ အမှားတစ်ခုမပြောနဲ့သူစိတ်မကြည့်ရင်တောင်အလုပ်ထုတ်တတ်တဲ့ သူတို့အကိုလေးကနောက်ထပ်မဖြစ်ရန်သာပြောပြီး အပြင်ဘက်ပြတင်းပေါက်ဘက်ကိုကြည့်နေလေသည်။ထိုသို့အေးစက်ပြီး သူတို့ကြောက်ရတဲ့အကိုလေးဟာ အခုကျပြန်တော့လည်းနူညံ့ကာ သူတို့မတွေးသင့်ပေမဲ့လှပစွာပုံဖော်ထုဆစ်ထားတဲ့အရုပ်လေးလို လှရက်ပေသည်။နောက်ပြီး အခုရက်ပိုင်းသူတို့အကိုလေးအလွန်ငြိမ်နေသည်။အိမ်အောက်ထပ်ကိုဆင်းရင်လည်း အကိုလေးကသူရဲ့စိတ်တိုင်းက လုပ်ထားတဲ့ပန်းဦးယျာဥ်လေးထဲမှာဘဲ အချိန်ကုန်တတ်လေသည်။ထူးခြားသည်က သူတို့အကိုလေးသည်ပန်းလေးတွေကိုအလွန်မြတ်နိုးပေသည်။သူရဲ့ပန်းလေးတွေကိုလည်း ဘယ်သူကိုမှမထိခိုင်းပေ။
YOU ARE READING
You're my Perfect [Complete ]
Historia Cortaစတွေ့တဲ့အချိန်တုန်းက တစ်စက်ကလေးမှကြည့်မရခဲ့ပေမဲ့လို့ အခုအချိန်မှာတော့ မင်းကိုကြည့်မဝတော့ဘူးအချစ်ရယ်... ♡ Jeno
![You're my Perfect [Complete ]](https://img.wattpad.com/cover/337596731-64-k532583.jpg)