အပိုင်း ၁၄

322 29 0
                                        


ဂျောက်!!

လော့မချထားသောအခန်းလေးရဲ့တံခါးကိုပိုင်ဆိုးပိုင်နက်ဖွင့်ကာ ဝင်လာသောလူမှာနှစ်ယောက်မရှိ ဂျဲနိုပင်။လူချေတိတ်နေသောအချိန်ဖြစ်သောကြောင့် ထိုတံခါးဖွင့်သံဟာအနည်းငယ်ကျယ်လောင်နေလေသည်။

ဂျယ်မင်းစာလုပ်နေရင်း သူ့အခန်းထဲသို့မပြောမဆိုဝင်လာသောဂျဲနိုကြောင့်စိတ်တိုမိရပြန်သည်။ကျောင်းလာကြိုမယ်ဆိုပြီးလည်း လာမကြိုဘဲအိမ်က Driverကိုလွှတ်လိုက်တာကိုတောင်ဂျယ်မင်းမှာဘာကြောင့်လည်းမသိ အခဲသိပ်မကျေချင်ပေ။

''မအိပ်သေးဘူးလား ဒီအချိန်ကြီးကို''

အော်...သူကတောင်ထိုင်ခုံပေါ်ကျကျနနထိုင်ပြီး ကိုယ့်ကိုတောင်ပြန်မေးနေသေး။တကယ် အဲ့လိုအချိုးမျိုးတွေကြောင့်ဂျယ်မင်းအမြင်မကြည့်ရချင်းသာ။

''ခင်ဗျားနဲ့မဆိုင်ပါဘူး.....ကျောင်းလာကြိုမယ်ဆိုပြီးဘာလို့Driverကိုလွှတ်လိုက်တာလဲ....ပြောတော့ဖြင့်လေတစ်လုံးမိုးတစ်လုံးနဲ့ ၊အဲ့ဒါမင်းတာဝန်ပေါ့ရောမှုဘဲဆိုတာသိလား''

''အင်း''

ဂျယ်မင်းပြောနေတာများကို 'အင်း'တစ်လုံးသာပြန်ပြောသောထိုလူ။ဂျယ်မင်းစိတ်ထဲ သိပ်အတင်မကျဖြစ်ရပြန်သည်။ပုံစံကလည်းသိပ် မလန်းသလိုပင်။

''အလုပ်ကိုတောင်ဒီလိုပေါ့ရောပုံနဲ့ ငါကိုတောင်စောင့်ရှောင့်အုံးမယ်ပေါ့ ဟက်....''

ခေါင်းငုံ့ထားရာမှ သူ့ရှေ့မှာရပ်နေတဲ့ဂျယ်မင်းဘက်သို့ မျက်နှာကိုလှည့်လိုက်တော့ မြင်လိုက်ရတဲ့ထိုသူမျက်နှာက ဒဏ်ရာများ၊သူ့မျက်နှာကိုကြည့်၍အံသြနေသောဂျယ်မင်းဟာ ညမီးရောင်အောက်မှာတောင်အလွန်ချစ်စရာကောင်းသည်။

''ခင်ဗျားမဟုတ်မှ...ပါးပါးဂိုဏ်းထဲကိုဝင်ထားတာလား ၊အဲ့ဒီအလုပ်တွေကအရမ်းအန္တရာယ်များတာ ခင်ဗျားမဝင်သင့်ဘူး၊ငါပြောတာကြားလား''

အနားသို့ရောက်လာကာ မျက်နှာကဒဏ်ရာများကြည့်၍စိုးရိမ်သောလေသံတဝက်နှင့်ပြောနေသည်ဂျယ်မင်းရဲ့လက်ကိုဆောင့်ဆွဲကာ ဂျဲနိုသူပေါင်ပေါ်သို့ထိုင်စေလိုက်၏။

You're my Perfect [Complete ]Where stories live. Discover now