''ဂျယ်မင်း ဝင်သွားလိုက်ပါ''
ဂျဲနိုhyungရှိသည်အခန်းထဲကိုဝင်ရန် တုံ့ဆိုင်းနေသည်ဂျယ်မင်းကို ဟယ်ချန်းပြောလိုက်ချင်းသာ။ကိုယ့်အားကိုးရာလူတစ်ယောက်လိုဖြစ်နေသည် ဂျဲနိုhyungကိုဂျယ်မင်း အခုလိုပုံစံနဲ့မမြင်ရက်သည်ကို ဟယ်ချန်းနားလည်၏။ဒီနေ့တစ်ရက်က လူနာရှင်တစ်ယောက်သာဝင်ရမည်ဆိုပေမဲ့.......ဂျဲနိုhyungရဲ့အခြေအနေက သတ်မှတ်ထားသည်အတိုင်းအတာအတိုင်းပြန်ကောင်းလာရင်အခန်းပြောင်းကာ နေလို့ရပြီဖြစ်သည်။အခုဟာကလည်း ယာယီအခန်းသာ။မနက်ခင်းအစောကြီးကတည်းကနိုးနေသည်ဂျယ်မင်းက ဂျဲနိုhyungကိုတွေ့ဖို့ရန်သာ အားတက်နေ၏။အခုတွေ့ရတော့မည်ဆိုပြန်တော့လည်း အထဲကိုမြင်နေရသည်မှန်ပြတင်းပေါက်လေးကနေ ဂျဲနိုhyungကိုကြည့်ကာမဝင်ပေ။
''ငါ.....ငါမဝင်တော့ဘူး ဟယ်ချန်း''
''မရဘူး....မင်း ဂျဲနိုhyungကိုပြောစရာတွေရှိတယ်မလား....သွားလိုက်ပါ''
ကိုကိုကလည်း မနက်စာသွားဝယ်သည်မို့ရှိမနေပေ။အခု သူတစ်ယောက်တည်းဂျယ်မင်းကိုဖြောင့်ဖျနေရ၏။အမြဲတစ်ခုခုလုပ်ရန် တုံ့နှေးနေတတ်သည်ဂျယ်မင်းက အရင်လိုသူမျက်လုံးထဲချစ်စရာကောင်းမနေဘဲ၊ ဒေါသထွက်စရာပင်။
''ဂျယ်မင်း!!!''
''ငါကိုမအော်ပါနဲ့.....ငါ...ငါဝင်ရမှာကြောက်နေမိလို့ပါ''
''ကျစ်!! ဝင်လိုက်တော့နော်.....ခနနေရင် ဆေးစစ်ဖို့သူနာပြုတွေလာတော့မှာ.....ငါလူနာစောင့် အခန်းကနေဘဲစောင့်နေမယ် ဂျယ်မင်း''
ပြောချင်တာပြောပြီး ထွက်သွားသည်ဟယ်ချန်းကသူကိုပြန်တောင်မကြည့်သွားပေ။ဂျယ်မင်း တုန်ရင်နေသည်လက်နဲ့တံခါးလက်ကိုင်ကိုလှည့်ဖွင့်လိုက်ပြီး အထဲကိုဝင်လိုက်သည်။ဆေးရုံကုတင်ပေါ်မှာ မေ့မျောနေသည်သူက အနည်းငယ်သွေးမရှိသရောင်ရှိသည်မျက်နှာဆိုပေမဲ့....သူအတွက်အရာအားလုံးပြည့်စုံသည်လူတစ်ယောက်ပင်။အမြဲသူဆုတ်ကိုင်ထားနေကြဖြစ်တဲ့ ညာဘက်လက်မှာလည်းဆေးပိုက်တွေကတစ်ခုထပ်မနည်းပေ။ထိုလူမထိခိုက်သွားသည်နေရာဆိုလို မျက်နှာတစ်ခုသာရှိ၏။ဒဏ်ဖြစ်သွားသည် ဒဏ်ရာတွေလည်းရှိသည်ဟုဆိုကာ.....ဒေါက်တာကပြောလာသည်။ဂျယ်မင်း ထိုလူရဲ့ဘေးနားမှာ ရပ်လိုက်ပြီးထိုလူရဲ့ဆေးပိုက်တွေမရှိသည်လက်ကို ကိုင်ကာလက်ချောင်းချင်းဆုတ်ကိုင်လိုက်၏။ထိုလက်ရဲ့လက်ကောက်ဝတ်မှာလည်း ကြိုးရာထင်နေသည်အနီရောင်မဟုတ်တော့သည့် အစိမ်းပုတ်ရောင်ဒဏ်ရာသည်လည်းရှိနေသေးသည်။နောက်ထိုလူရဲ့လက်ချောင်းရှည်လေးတွေရဲ့ ထိပ်ပိုင်းလေးတွေမှာလည်း အသားပွန်းရာတွေရှိနေပေမဲ့.....ထိုဒဏ်ရာတွေကိုလည်းဆေးထည့်ပေးထားပုံရ၏။
YOU ARE READING
You're my Perfect [Complete ]
Короткий рассказစတွေ့တဲ့အချိန်တုန်းက တစ်စက်ကလေးမှကြည့်မရခဲ့ပေမဲ့လို့ အခုအချိန်မှာတော့ မင်းကိုကြည့်မဝတော့ဘူးအချစ်ရယ်... ♡ Jeno
![You're my Perfect [Complete ]](https://img.wattpad.com/cover/337596731-64-k532583.jpg)