အပိုင်း ၁၅

372 29 0
                                        


ဖုန်းပြောပြီးလို့ ဂျယ်မင်း ကုတင်ပေါ်သို့အကြည့်ပို့လိုက်တော့သူ့အိပ်ရာပေါ်မှာမျက်လုံးများမှိတ်ကာအိပ်နေသော ထိုလူ။ကျစ်...ဒီလူယုတ်မာနဲ့တော့....

''ဖယ်...ခင်ဗျားငါအိပ်တော့မယ်''

ကောင်းကောင်းပြောလည်းရတယ်စမ်းနဲ့ ဘေးကခေါင်းအုံးနဲ့မျက်နှာတည်တည်ကိုရိုက်၍ပြောနေသောကြောင်ပေါက်ရဲ့လက်ကိုဆောင့်ဆွဲလိုက်တော့ဂျဲနိုခန္ဒာကိုယ့်ပေါ်သို့ပြိုကျလာသောကိုယ့်လေးကိုလုံးထွေး၍ဖက်ထားလိုက်တော့သည်။

''ကျစ်....အသက်ရှုကြပ်တယ်လူယုတ်မာရဲ့''

လူကိုသူကိုယ့်ကြီးနဲ့များဖိသက်ဖို့များတွေးထားသလားပင်။ဘယ်ကတည်းက လူကိုအညှိုးထားထားသလဲမသိပေ။နောက်ပြီးထိုလူရဲ့ထူးဆန်းသောကိုယ့်သင်းနံက ဂျယ်မင်းကိုနေရကျပ်စေသည်။

''ငါအိပ်ချင်နေပီ.....ကိုယ့်အခန်းကိုယ့်သွားအိပ်ပါလား''

''အနမ်းမပေးဘဲနဲ့....ကိုယ့်ကအိပ်ပျော်ပါမလားအချစ်ကလည်း''

''ခင်ဗျားအရမ်းရဲတင်းလွန်းတယ်''

''ပြန်စေချင်ရင် နမ်းလိုက်တော့လေ....အချစ်ကအချိန်အရမ်းဆွဲသလားလို့''

အချစ်အချစ်နဲ့ပါးစပ်အရသာခံပြီးပြောနေပုံက တကယ်စိတ်ပျက်စရာအတိ။ငါတကယ်နမ်းရမလား ဒီလူကို၊အားးးမသိတော့ဘူး။

ဂျဲနိုရင်ခွင်ထဲတွင်ငြိမ်ကျသွားသောကြောင်ပေါက်ကြောင့်ငုံကြည့်လိုက်တော့မြင်လိုက်ရတဲ့ပါးမို့မို့လေးကြောင့် စိတ်မထိန်းနိုင်စွာနမ်းမိလိုက်ပြန်သည်။

ပြွတ်!!

''အား!!! ခင်ဗျား''

''ဘာလဲ....အဲ့တာအချစ်အပြစ်လေ၊ဘာကိုကိုယ့်ကိုမြူဆွယ်လည်း''

''ဟ...ဘလိုင်းကြီးခင်ဗျားကိုမြူဆွယ်ရအောင်မိန်းမလည်းမဟုတ်ဘူး၊ဘာ....ဘာလုပ်တာလဲ''

''နမ်းမလို့လေ...ဘာတွေသုံးလို့ခင်ဗျားလေးကိုယ်ကဒီလောက်တောင်မွှေးနေရတာလဲ...ဟမ်''

အပေါ်ကနေအုပ်မိုး၍ပြောလာပုံကဂျယ်မင်းကိုအမဲဖြတ်တော့မယ့်အကြည့်ကြီးနဲ့ အနည်းကျင်းတော့ဂျယ်မင်းကြောက်မိပါသည်။မတော်လို့များ......၊ျီးဘဲ....ငါဘာတွေတွေးမိနေတာလဲ။

You're my Perfect [Complete ]Where stories live. Discover now