''ခင်ဗျား ဘာပြောလိုက်တယ်!!!''
''အချစ်ကြားလိုက်တဲ့အတိုင်းဘဲ....ကိုယ့်တို့တစ်ပတ်လောက်မတွေ့ဘဲနေကြရအောင်''
ဖြန်း!!!
ထိုစကားအဆုံး ဂျယ်မင်းထိုလူပါးကိုရိုက်လိုက်မိ၏။အမြဲတန်းအရူးထနေတဲ့လူ၊သူရိုက်လိုက်တော့ မယုံကြည်နိုင်တဲ့အကြည်တွေနဲ့မော့ကြည့်လာပေမဲ့ ဘာတစ်ခုမှတော့မပြော။သူကိုမော့ကြည့်နေသည်မျက်လုံးတွေက တွေဝေနေတဲ့အကြည့်တွေ၊တစ်ခုခုကို တွေးတောနေသည်အကြည့်တွေပင်။သူရိုက်ချက်က ပြင်းသွားသည်ထင်၊ထိုလူရဲ့ဘယ်ဘက်ပါးက ရဲတက်နေ၏။ဂျယ်မင်း ထိုလူပါးကိုမကြည့်မိစေရန်ထိန်းထားရသည်။မဟုတ်ရင်.....အခုလိုအရူးစိတ်နဲ့လူကို သူ့သနားမိသွားမှာပင်။
''ဘာလည်း ကျွန်တော်ကိုစိတ်ကုန်နေပြီလား''
ထိုလူက သူရှေ့မှာကိုသိသိသာသာ သက်ပြင်းချပေသည်။ဘာစကားမှ မဆို၊ကျောက်ရုပ်ကြီးလိုသာ ရပ်နေ၏။ဒါပေမဲ့ သူကိုတော့ အကြည့်မလွှဲဘဲ ကြည့်နေ၏။ထိုလူ့မျက်လုံးတွေက နီရဲနေ၏။နောက်ထိုလူလက်သွယ်သွယ်မှာ သွေးစတွေနဲ့ရောကာလက်တစ်ခုလုံးစုတ်ပတ်သတ်နေသည်။အခုခုကို ထိုးထားသည်အတိုင်းလက်တစ်ခုလုံးကရောင်ကိုင်းနေ၏။
''ကျွန်တော်ဘဲ ခင်ဗျားကိုအရှုံးပေးတယ်''
ဂျယ်မင်း ထိုလူကိုဖက်လိုက်ကာပြောလိုက်၏။ဘာလို့လည်းဆို........အမြဲအေးစက်နေသည်မျက်ဝန်းတွေက၊အခုအချိန်မှာသောကတွေနဲ့ပြည့်နေသောကြောင့်ပင်။ထက်ပြီးလည်း ဂျယ်မင်း ရန်မရှာချင်တော့၊ချစ်ရသူက ဝမ်းနည်းနေသည်အကြည့်တွေကြောင့် သူကိုတိုင်လည်း ရင်ဘက်တွေတင်းကျပ်လာသလိုပင်။ဂျယ်မင်း ထိုလူရဲ့လက်နှစ်ဖက်ကိုဆုတ်ကိုင်ကာမေးလိုက်၏။ထိုလူလက်နှစွဖက်လုံးကသွေးစတွေက သူလက်ကိုပါပေကျန်ကုန်ပေမဲ့ ဂရုမစိုက်။ဒါဟာ ချစ်ရသူရဲ့နာကျင်မှုတွေကို ခွဲဝေမယူနိုင်သည်သူ့အတွက် မပြောပလောက်ပေ။
''ဘာဖြစ်လာတာလည်း ခင်ဗျား၊ကျွန်တော်ကိုပြောပြအုံးလေ''
''အချစ်''
ပြောပြီးလူကိုသူရင်ခွင်ထဲသွင်းကာဖက်ထားသည်က အရိုးတွေပင်ကျိုးတော့မတတ်ပင်။ဒါပေမဲ့ ဂျယ်မင်းဘာမှပြန်မတုန့်ပြန့်ကာထိုလူဖက်ထားသည်အတိုင်းငြိမ်နေလိုက်သည်။နောက်ပခုံးက အနည်းငယ်စိုစွတ်လာသည်ခံစားချက်ကြောင့် ထိုလူငိုနေသည်ဆိုတာကို သိလိုက်ရ၏။
YOU ARE READING
You're my Perfect [Complete ]
Short Storyစတွေ့တဲ့အချိန်တုန်းက တစ်စက်ကလေးမှကြည့်မရခဲ့ပေမဲ့လို့ အခုအချိန်မှာတော့ မင်းကိုကြည့်မဝတော့ဘူးအချစ်ရယ်... ♡ Jeno
![You're my Perfect [Complete ]](https://img.wattpad.com/cover/337596731-64-k532583.jpg)