အပိုင်း ၃၂

300 22 0
                                        


ဂျယ်မင်းက သူကိုအရင်ကချန်းရဲ့အကြောင်းတွေကိုပြန်
ပြောပြပြီးတော်တော်လေးအချိန်လွန်မှပြန်သွားကြသည်။Mark စိတ်အနည်းငယ်တော့ညစ်သွားရ၏။သူဟာဟယ်ချန်းအပေါ်တော်တော် နားမလည်ပေးနိုင်တဲ့လူတစ်ယောက်သာ။အဲ့တာကြောင့် Mr.Leeဟာ သူကိုသတိပေးခဲ့လေသည်။ဟယ်ချန်းကို သူဘက်ကသာစပြီးအဆက်အသွယ်ဖြတ်ခဲ့လိုသူသားစိတ်အခြေအနေမရင်လိုပြန်ဖြစ်ခဲ့ရင် မင်းရှိနေတဲ့ဘယ်နေရာမဆိုရောက်အောင်လာပြီး ငါကိုယ့်တိုင်အစဖျောက်မှာလို့ပင်။ပိုက်ဆံရှိအသိုင်းဝိုင်းကြီးတဲ့လူတွေအတွက် အသက်တစ်ချောင်းကအရေးမပါဘူးထင်။

Markအတွေးများကိုရပ်ကာ ဧည့်ခန်းထဲကထလိုက်ပြီးသူတို့နေသည့်အခန်းဆီသွားကာ အခန်းတံခါးကိုဖြေးညှင်းစွာဖွင့်လိုက်၏။အခန်းဟာ သူတို့နှစ်ယောက်နေသည့်ဆိုပေမဲ့ ဟယ်ချန်းကအရမ်းဖွတာကြောင့်သိပ်တော့သပ်ရပ်မနေပေ။ကုတင်ပေါ်မှာ အိပ်စက်နေသူလေးရဲ့အနားကိုသွားလိုက်ပြီး ထိုနားဖူးပြေပြေလေးပေါ် လက်တင်လိုက်တော့ထိုကောင်လေးရဲ့ ခန္ဓာကိုယ်လေးကကအပူချိန်တွေဟာ သူလက်ကိုပင်ကူးဆက်သွားပေသည်။ကျစ်.....အပူချိန်ကများနေသည်ဘဲ။မနေ့ညက အအေးပတ်သွားသည်ထင်။သူရဲ့လှုပ်ရှားမှုတွေကြောင့် အိပ်ပျော်နေသူလေးဟာအနည်းငယ်လူးလိမ့်ကာ မျက်လုံးလေးများကိုဖွင့်လာ၏။

''ကိုကိုလား''

''အင်း ဘယ်လို့နေသေးလည်း''

သူကုတင်ပေါ်ထိုင်လိုက်တော့ ထိုကောင်လေးဟာသူရင်ခွင်ထဲကိုမရမကတိုးဝင်လာသည်။

''ဟင့်....ကိုကို ကျွန်တော်မျက်လုံးတွေပူတယ်၊နောက်ပြီးနေလို့မကောင်းဘူး''

နေမကောင်းလိုထင် ထိုကောင်လေးမျက်ရည်လေးတွေကတောင်ပူနေပေသည်။Markလည်းထိုခန္ဒာကိုယ့်လေးကိုပြန်ပွေ့ဖက်ကာ ထိုကောင်လေးရဲ့ဆံနွယ်လေးတွေကိုနာဖူးလေးပေါ်အောင်သပ်တင်ပေးလိုက်၏။

''တစ်ခုခုစားချင်တာရှိလား မနက်တုန်းကဘာစားပြီးပြီလည်း''

သူပေါင်ပေါ်မှာ မျက်လုံးလေးတွေမှိတ်ကာငြိမ်နေသူလေးကိုမေးကြည့်လိုက်သည်။

You're my Perfect [Complete ]Where stories live. Discover now