''မင်းတို့ကလည်းတွေ့တိုင်းကိုရန်ပွဲကမပါမဖြစ်''
''နောက်ပီးဟိုတစ်ယောက်ကလည်းပိုက်ဆံရှိအသိုင်းဝိုင်းကမှန်းသိသာတယ်''
ဟုတ်သည်၊ဟိုတစ်ယောက်ကသူတို့ကိုမတူသလိုမတန်သလိုဆက်ဆံတည်းကမင်ဟျောင်းစဥ်းစားမိတာဖြစ်သည်။
''အဲတော့ငါကဘာလုပ်ပေးရမှာလည်း''
ဂျဲနိုကတော့မထိမမြင်ပြန်ပြောလိုက်သည်။
''ဟ...ငါကအကောင်းပြောနေတာကွ''
''ေ-ာက်မာနတွေကြီးပြနေတာ ''
ဂျဲနိုကတော့ဂျယ်မင်းရဲ့ရွံရှာသလိုလုပ်နေတဲ့မျက်နှာကိုမြင်တာနဲ့ဘဲ စိတ်ကပြန်တိုရသေး၏။
မင်ဟျောင်းပြောလည်းပြောချင်စရာပင်ဒါတောင်တွေ့ဖူးတာနှစ်ခါဘဲရှိသေးသည်လေ။မတွေးရဲစရာ....အခုလည်းသူညီမဂျီယောင်းကိုတောင်ပိုက်ဆံမပေးဘဲကျောင်းကဒီတိုင်းထွက်လာကြတာ။မင်ဟျောင်းသေချာတွေးကြလျှင်သူ့သူငယ်ချင်းလေးဂျဲနိုကလိမ်မာတယ်လို့ပြောလို့မရပေမဲ့လို့မိသားစုကိုတော့သူဘဲထောက်ပံပေးနေရတာဖြစ်သည်။တာတောင်သူ့ညီမဖြစ်သူဂျီယောင်းကဂျဲနိုကိုအကိုတစ်ယောက်လိုတောင်မထင်။မင်ဟျောင်းတွေးမိသည်နှင့်ဂျဲနိုကိုသနားမိသွားသည်...
''မင်းကကောဘာတွေတွေးနေတာလဲ''
ဂျဲနိုမင်ဟျောင်းကြည့်နေတာကြာပီဖြစ်သည်။ဘာတွေတွေးနေသလည်းတောမသိသူကိုကြည့်ပီးခေါင်းယမ်းလိုက်မျက်မှန်ကိုပင့်တင်လိုက်လုပ်ကာတစ်ယောက်ထဲအလုပ်ရှုပ်နေတော့၏။အိမ်ရောက်ရင်လည်းအမေ့ကိုဂျီယောင်းဆီပိုက်ဆံဝင်မပေးခဲ့ရကြောင်းပြောရအုံးမည်။ေ-ာက်လုပ်တွေကိုရှုပ်တယ်....
''ဘာမှမဟုတ်ပါဘူးကွာ.... မင်းအိမ်ဘဲပြန်မှာလား ''
''အွန်း''
''မင်းအလုပ်ကရောအဆင်ပြေလား ဂျဲနိုရား''
ဂျဲနိုကbarမှာအလုပ်လုပ်နေတာဖြစ်သည်။ဒါကလည်းမင်ဟျောင်းပြောပေးလို့ရတာဖြစ်သည်။သူဟာသူဆိုရမယ်တောင်မထင်။မင်ဟျောင်းကဂျဲနိုအတွက်တော့သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်၏။ဂျဲနိုအိမ်နဲ့အဆင်မပြေတိုင်းမင်ဟျောင်းကိုသာရင်ဖွင့်လေ့ရှိတော့မင်ဟျောင်းကဂျဲနိုရဲ့အကြောင်းတတော်များများသိထားသူလည်းဖြစ်၏။
YOU ARE READING
You're my Perfect [Complete ]
Short Storyစတွေ့တဲ့အချိန်တုန်းက တစ်စက်ကလေးမှကြည့်မရခဲ့ပေမဲ့လို့ အခုအချိန်မှာတော့ မင်းကိုကြည့်မဝတော့ဘူးအချစ်ရယ်... ♡ Jeno
![You're my Perfect [Complete ]](https://img.wattpad.com/cover/337596731-64-k532583.jpg)