❤️ အချစ်ကညှို့တယ် ❤️{Part--9}
*********❤️********နံနက်ခင်း နေရောင်ခြည်ကဖြာကျလို့ ကျေးငှက်တို့ တစာစာ
အော်နေပြီဖြစ်သော်လည်း စံအိမ်သခင်ငယ်တို့က ခုနောက်ပိုင်း အိပ်ယာမှတော်တော်နှင့်မထပါချေ။မှန်ပြတင်းမှ နေရောင်မထိုးအောင် လိုက်ကာထူထူတွေဖြင့်ကာထား သည်က သူ့အတွက် အခွင့်အရေးပိုရနေသလိုပါပဲ။
" လေးငယ်...ထတော့ ! ဆေးရုံအုပ်ကလာတော့မှာနော် ...
သူလာလို့ အဆင်သင့်မဖြစ်သေးရင် စိတ်ဆိုးလိမ့်မယ် "" ဟင်...အင်း မထချင်သေးဘူး "
" လေးငယ်...လေးငယ်...လေးငယ် "
" အာ.......ဘာဖြစ်နေကြတာလဲ ! အိပ်ချင်သေးလို့ပါဆို ဟွန့်..."
မကျေနပ်တာကို တဟွန့်ဟွန့်အသံပေးလို့ နှုတ်ခမ်းစူပြနေပုံ
က ဘယ်နေရာမှ အသက်၃၀ နှင့်မတူ။ညီအစ်ကို ၃ယောက် အာပေါက်မတတ်ပြောရ လုပ်ကိုင်ပေးရ
နှင့် ခုမှ လေးငယ်က ကလေးဆိုးကြီးကို ဖြစ်နေတာ။^ ဘယ်သူ့အားကိုးနဲ့မှန်း မသိ ^
" တီ...တီ "
" ဟော...ဆေးရုံအုပ်လာပြီ ! လာ...မြန်မြန်ဆင်းရအောင် "
အိပ်ရေးလည်း မဝ ဗိုက်လည်းဆာနေသည့် မိန့်မှာ တဂျီဂျီဖြင့်
ပေကပ်ကပ် လုပ်နေတာကို ပေါ်တီကိုအောက်မှ ရပ်ထားသော
ကားအနက်ထဲမှ တစ်ယောက်တစ်စုံက မှန်တံခါးကို ဖြတ်ကျော်ကာ ခပ်စူးစူး စိုက်ကြည့်နေသည်ကိုတော့ မိန့်တစ်ယောက်မသိရှာ။ကလေးတွေက ကားနားထိလိုက်ပို့ပေးကာ စည်းကို နှုတ်ဆက်ကြ ပေမယ့် စည်း ၏ ကလေးငယ်လေးကဖြင့်
နှုတ်ခမ်းနီတာရဲကို စူလို့ရယ်။မိန့် ကတော့ ကားပေါ်ရောက်ကတည်းက တစ်ဖက်ထောင့်မှာထိုင်နေသည့် ဟိုလူကြီးကို မသိမသာ ခိုးခိုးပြီး ကြည့်နေမိတာကြာပြီ။
မိန့် ကိုလည်းစကားမပြောသလို ငဲ့တောင်မကြည့်လာပဲ ခြေပေါ် ခြေချိတ်ထိုင်ကာ ပေါင်ပေါ် Laptop တင်လို့ အလုပ်ရှုပ်နေပုံပင်။
မနေ့ညက စိတ်ထဲမကောင်းလွန်းလို့ ချက်ချင်းပြန်လာခဲ့တာ။
ဒီလူကြီးက လိုက်ချော့ဖို့ နေနေသာသာ ဖုန်းလေးတောင်မဆက်။