" အင်းးဟင်းး အင့် "
မိန့် နိုးလာတော့ အရင်ဆုံးခံစားမိတာက ကျောအောက်မှနူးညံ့လွန်း သည့် အထိအတွေ့။
မျက်လုံးကို သေချာဖွင့်ကြည့်လိုက်တော့ ဟင် ခနဲ ဖြစ်ရသည်။
ကုတင်ပေါ်မှ လှမ်းကြည့်လျှင် အခန်းဝကို မမြင်ရအောင်
ကြိုးမျှင်သဏ္ဌာန်လိုက်ကာအရောင်က ရွှေရောင်နှင့် အပြာရောင်ရော စပ်လျက်။အခန်းနံရံက အစိမ်းနုနုအရောင်ကို သုံးထားပြီး မျက်နှာကျက် နှင့် နံရံတွေထဲ အနုမြူပါသော မီးလုံးတွေက မြှုပ်ထားသေးတာ။
အဖြူရောင် ဗီဒိုကြီး နှစ်လုံးကယှဉ်လျက်ရှိပြီး ဗီဒိုရှေ့တစ်ခု
လုံး မှန်တွေချည်းနဲ့ လုပ်ထားသော ဗီဒိုက သီးသန့်။ကုတင်ခြေရင်းမှာက မှန်တင်ခုံမြင့်ထားရှိကာ ကုတင်နှင့်
၃ ပေလောက်အကွာမှာတော့ စာကြည့်စားပွဲက ခံ့ညားစွာဖြင့်။မိန့် တစ်ယောက် ကုတင်ပေါ်ကကြည့်နေရာမှ အားမရ တော့ပဲ ကုတင်ပေါ်မှဆင်းကာ စပ်စုမိတော့သည်။
ဗီဒိုတစ်လုံးကို အရင်ဖွင့်ကြည့်တော့ မိန့် ဝတ်တတ်သည့်
အဝတ်အစားဒီဇိုင်းတွေ။ဒုတိယတစ်လုံးကိုဖွင့်ပြန်တော့ …
ဒါ ဒါ လူကြီး၏ အဝတ်အစားတွေလား။မှန်ဗီဒိုကို မဖွင့်ခင်ကတည်းက ထွင်းဖောက်မြင်လိုက်ရတာက
ဟင်…ဒါက longcoat နဲ့ အပေါ်ထပ်ကုတ်တွေပဲ ။
အခန်းတံခါးဝမရောက်ခင်မှာက နီညိုရောင်အသွေးကြွကာအိစက်နေ သော ဆိုဖာခုံမြင့်ကြီးတွေက တန်ဖိုးခန့်မှန်းရ ခက်စေပြန်တယ်။
အခန်းထောင့်တွင် ၃ ပေ ၆ ပေ အပေါ်တစ်ဝက်က မှန်ဖြင့် ကျွန်းဗီဒို တစ်လုံးထဲမှာတော့
ဆေးပစ္စည်းတွေက ဆေးခန်းတစ်ခုမှ ဆေးဗီဒိုလို လိုလေသေးမရှိ ပြည့်စုံနေ၏ ။မှန်ပြတင်းပေါက်တွေမှာ တပ်ထားသည့် လိုက်ကာတွေက
မီးခိုးအရင့်ရောင်။ကုတင်ဆီလာပြန်ကြည့်မိတော့ မွေ့ယာ စောင် ခေါင်းအုံး တို့က အပြာနုနုတွင် ပင်လယ်ကမ်းခြေပုံစံ ဖြစ်ပြီး
ခုနက နူးညံ့အိစက်သည်ဟု ခံစားမိခဲ့သည့် အရာကတော့
တခြားမဟုတ် အညိုနှင့် အသားရောင် သားမွှေးနုနုဖြင့် ပြုလုပ်ထား သော ကတ္တီဘာအခင်းပင်ဖြစ်၏ ။