❤️အချစ်ကညှို့တယ်❤️Part--13

122 3 0
                                    

❤️အချစ်ကညှို့တယ်❤️{Part--13}
*********❤️*******

စည်း လည်း ဆေးရုံကအပြန် ကလေးငယ်ဆီသွားဖို့ တွေးထားပေမယ့် အထမမြောက်။

ရှယ်ယာရှင်တစ်ဦး၏  Anniversary ပွဲမို့ ဖတ်စာနှင့်တကွရောက်လာ ၍ မတက်မဖြစ်တက်ရတော့မည်။

" Boss , မပြင်ဆင်သေးဘူးလား  "

bathrobe ဝတ်ထားလျက်အတိုင်း ဝရန်တာဘောင်မှာ လက်ထောက်ရပ်
နေသည့် စည်း အား ဂျိမ်းက သတိပေးလာခြင်းပင်။

" အင်း "

ဟု ဆိုကာ အခန်းထဲဝင်သွားတာမို့ ဂျိမ်းမှာ ခေါင်းကုတ်ပြီး ကျန်ခဲ့သည်။

Boss တစ်ယောက်လည်း ဘာဖြစ်နေမှန်းကိုမသိပါဘူး။

အဲ့ဒါကြောင့် …ဂျိမ်းတို့က လူပျိုကြီးပဲ လုပ်တာ။

စည်းမှာလည်း သက်ပြင်းတချချဖြင့် အဝတ်အစားလဲနေသော်လည်း စိတ်ကမပါ။

ရှပ်အဖြူကို bow နီညိုရောင်တပ်ကာ အပေါ်မှကာကီရောင် ဝေ့စကုတ်
ကိုဝတ်ပြီး ထိုအပေါ်မှတစ်ခါ ကာကီရောင်ကုတ်ကို ကြယ်သီး မစေ့ပဲ ထပ်ဝတ်လိုက်သည်။

စိန်တွေမြှုပ်ထားသည့် ရွှေရောင် Rolax နာရီက စည်း လက်ကောက်ဝတ်…ဖြူဖြူပေါ်တွင် ဝံ့ကြွားစွာနေရာယူ၏။

Gel ဖြင့် သေသပ်စွာပုံချထားသော်လည်း နဖူးပေါ် တချို့ တလေ ကျနေ သည့် ရွှေရောင်ဆံပင်တို့က တည်ကြည် ခံ့ညားလွန်းသည့် စည်း မျက်နှာ ကို ပိုချောမော စမတ်ကျနေ စေအောင် ပံ့ပိုးနေသလိုလို။

မှန်ရှေ့တစ်ချက်ကြည့်ကာ အနက်ရောင် Longcoat အရှည်ကို
လက်ပေါ်တင်လို့ အခန်းပြင်ထွက်ခဲ့လိုက်သည်။

" သွားရအောင်…ဂျိမ်း "

" Yes , Boss "

bodyguard တွေဖြစ်သည့် အယ်လ်ထူးနှင့်အယ်လ်ဆေး တို့ကားဖြင့် သွားမည်ဖြစ်၍ ဂျိမ်းက စည်း နှင့်အတူ နောက်ခန်းတွင်ထိုင်ရသည်။

ခြံရှေ့ကားရပ်လိုက်ပြီး အယ်လ်ဆေးလာဖွင့်ပေးသည့်ကားတံခါးမှ ခြေချလိုက် သည်နှင့်  ဂျိမ်းက စည်း ပခုံးပေါ် Longcoat ကို ခြုံလွှား ပေးလာ၏ ။

စည်း ဝင်လာသည်နှင့် လူတော်တော်များများ၏ မျက်ဝန်းတွေ က စိတ်ဝင်တစား။

❤️အချစ်ကညှို့တယ်❤️Where stories live. Discover now