ရေစိုနေသောခေါင်းကို တဘက်အသေးလေးဖြင့်သုတ်နေရင်း မိန့်ရှိရာ ကုတင်ဆီတစ်လှမ်းချင်း လှမ်းလာနေတာမို့ မိန့် မှာ ကုတင်ပေါ်ကဆင်းပဲပြေးရမလား စောင်ခေါင်းမြီးခြုံလိုက်
ရမလား ! တကယ်ကို ဗျာများရပါသည်။" ဘာလို့…
ဆံပင်တွေရေပြောင်အောင်မသုတ်တာလဲ …ကလေးငယ် ! နေမကောင်းဖြစ်မယ်လေကွာ ! ကျစ်…မင်းလေးကတော့ "ပြောပြီး မိန့် ခေါင်းကိုသုတ်ပေးနေသည့် လူကြီး။
အနီးကပ်တော့ ရနေကြမွှေးရနံ့က လူကိုပိုယစ်မူးစေပြန်၏ ။
ကြွက်သားအဖုအထစ်တွေနဲ့ ရင်အုပ်ကြီးကို မြင်နေရတာ
လည်း ရူးလောက်ပါရဲ့ လူကြီးရယ်။အတော်ကြာသုတ်ပြီးတော့ ရပ်သွားကာ…
" ရပြီ…ဘာလို့ ရေမသုတ်ပဲ နေနေတာလဲ ကလေး
ကိုယ့်ကို စိတ်ပူအောင်လို့လား ဟုတ်လား ??
ဒါမှ မဟုတ် …ကိုယ်လာတာနောက်ကျလို့ စိတ်ဆိုးတာကို ဆိုးပါတယ်မပြောပဲ အသံတိတ်ဆန္ဒ ပြနေတာလား ကလေးငယ်"ဒီလို ဆိုလာပြန်တော့ မိန့် မှာ ဘာပြောရမှန်းမသိတော့။
ခုထိ အင်္ကျီမဝတ်ရသေးတဲ့ လူကြီးကြောင့်လည်း လူက ပူထူ
ဖိန်းရှိန်းလာရသည်။နေမကောင်းတဲ့အချိန် လူကြီးကိုပဲ တဂျီဂျီကပ်နေတုန်းက
အခုလို မခံစားရဘူး။သားခန့် ပြတဲ့ video ကြောင့် လူက နေမတတ် ထိုင်
မတတ် ဖြစ်နေရတာ များလား။" ဟို…လူ လူကြီး "
" ပြောလေ…ကိုယ့် ကလေးငယ် "
" ဟို ဟို …အင်္ကျီမဝတ်သေးဘူးလား "
စည်း လည်း ဒီဟာလေးကြောင့် အတော်အသဲယားနေပြီဖြစ်
သည်။ဘယ့်နှယ် လူကို ကြောက်လန့်နေပုံက ခုပဲ ဆွဲစားလိုက်မှာ
ကြလို့ ။စည်း ဒီဟာလေးကို စချင်စိတ်ပေါက်လာတာမို့ ညစ်ကျယ်
ကျယ် ပြုံးရင်း……" အင်းး ဒီအတိုင်း အိပ်မလားလို့ "
" ဗျ…ဗျာ ! ဒီ …ဒီအတိုင်းအိပ်မှာ ဟုတ်လား ! မလုပ်သင့်ဘူးလေ…လူကြီး ရဲ့ "