❤️အချစ်ကညှို့တယ်❤️{Part--29}
********❤️********အယ်လ်ထူးမောင်းလာသည့် ကားပေါ်ပါလာရင်း တိမ်လွှာ့ အတွေးတွေက ပျံ့လွင့်နေခဲ့သည်။
အမှန်ဆို တိမ်လွှာ စဝ်စံမင်းခေါင် စံအိမ်ဆီမသွားချင်ပါ။
မနေ့က မှဆေးရုံကပြန်ဆင်းလာရတာဖြစ်၍လည်းပါသလို စိတ်ထောင်း ကိုယ်ကြေလိုဖြစ်နေသည့် အနေအထားဖြင့် မသွားချင်တာဆိုပိုမှန်လိမ့်မည်။
တိမ်လွှာဘယ်လောက်ပြိုလဲခဲ့ရလဲ ကိုယ့်ဖာသာပဲသိသည်လေ။
" ရောက်ပါပြီ...အကိုလေး "
" အမ်..အော် အင်း အင်း ကျေးဇူးနော် "
" ရပါတယ်ခင်ဗျ "
အဝတ်အစားနှစ်စုံလောက်ထည့်ထားသည့် ကျောပိုးအိတ်ကိုလွယ်လျက် ကားပေါ်ကဆင်းလိုက်ပြီး မှန်တံခါးမှတစ်ဆင့်
အိမ်ထဲဆီလှမ်းအကြည့်....တဆစ်ဆစ်နာကျင်မှုက ရင်ထဲမှာ မခံမရပ်နိုင်အောင်ပါပဲ။
မြင်ရပြန်ပြီလား ကိုကြီးရယ်..
တခြားသူနဲ့ ရယ်မောစကားပြောနေတဲ့ မြင်ကွင်းကို မြင်ရဖို့
ကျွန်တော်က ရောက်လာခဲ့ရပြန်တာလား..??" တိမ်တိမ် "
" ဆရာ "
မှန်တံခါးချပ်ရှေ့ကျောက်ရုပ်လိုရပ်နေမိသည့် တိမ်လွှာ့ထံ
အပြေးရောက်လာကြသည့် မင်းမိန့်နှင့် ကလေး ၃ယောက်,,,ဧည့်ခန်းဆီ ဆွဲခေါ်သွားခံရပြီး ကိုကြီးနှင့် မျက်နှာချင်းဆိုင် ဆိုဖာမှာ နေရာချခံလိုက်ရသည့် တိမ်လွှာ...
မနေနိုင်သည့် စိတ်ဖြင့် ကိုကြီးဆီ လှမ်းကြည့်မိတော့မျက်ဝန်းညိုတစ်စုံက အသင့်စောင့်လို့ကြိုနှင့်သည်။
ကမန်းကတမ်းအကြည့်လွှဲပစ်ရင်း မငြိမ်သက်တဲ့ကိုယ့်ရင်ခုန် သံကိုလည်း မကျေနပ်ချင်။
^ အသိတရားရှိစမ်းပါ တိမ်လွှာ...
ဟိုက လမ်းကြုံလို့ကြည့်တဲ့အကြည့်ကိုတောင်မင်းကရူး
နေတာပဲ...^" တိမ်တိမ် "
" ဟမ်...ဘာ ဘာလဲ မင်းမိန့် "
တိမ်လွှာ၏ ကယောင်ကတမ်းပုံစံကြောင့် တူဝရီး ၄ယောက်မှာ မနေနိုင်မထိုင်နိုင် ရယ်မိကြသေးတာ။