❤️အချစ်ကညှို့တယ်❤️{Part--24}
********❤️*********" ဝေါ...ဝေါ...ဝေါ "
ဒီကနေ့တော့ ညဥ့်နက်ကတည်းက ရွာလိုက်သည့် မိုးက မိုးလင်းသည် အထိ ရွာကောင်းဆဲပင်။
စည်း ရင်ခွင်ထဲမှ ကလေးငယ်ကတော့ နှစ်ခြိုက်စွာအိပ်ပျော်
နေလိုက်တာ ။ညက အချစ်ကြမ်းမိထားတာမို့ နိုးလာရင် စည်း အရစ်ခံရမှာဗေဒင်မေး စရာတောင်လိုမည်မထင်။
7:30 နာရီ ရှိနေပြီမို့ ရင်ခွင်ထဲမှဟာလေးကို အသာဖယ်လို့ဖက်လုံးလေး ကို ဖက်ထားစေပြီး စည်း bathroom ဆီဝင်ရသည်။
" ဟင်...!! "
bathroom ထဲမှ ထွက်လာတော့ ကုတင်ပေါ်မှာ ငူငူလေး
ထိုင်နေပါသော ကလေးငယ်။" ကလေးငယ်"
" ဟင့်..."
" ဟောဗျာ "
အနားသွားကာ ခေါ်မိတော့ မျက်လုံးလေးစွေကြည့်လို့ ဟင့်ခနဲ မျက်နှာမဲ့ပြီး တစ်ဖက်လွှဲသွားလေရဲ့။
ထိုပုံစံလေးကိုပဲ စည်း မှာ အသဲတယားယားဖြစ်ရတယ်။
" ကိုယ့်ကို...စိတ်ဆိုးနေတာလား ဟင် ကလေးငယ် "
" ဟင့်...ဖယ် မထိနဲ့ "
ကုတင်စွန်းမှာထိုင်လို့ ပခုံးလေးလှမ်းကိုင်ကာမှ စည်း ကိုတွန်းထုတ်လို့ မျက်ရည်လေးဝဲနေပါသော ကလေးငယ်က
ရှက်နေတာလား စိတ်ဆိုးနေတာလား မသဲကွဲဘူးရယ်။" လာပါဦး...ကလေးရယ် "
" ဟင့်...ကိုကိုက အရမ်းဆိုးတယ် "
ဆိုပြီး ရင်ခွင်ထဲပစ်ဝင်လာပြန်တော့လည်း လုံးခနဲပါပဲလား။
ဂျီကောင်လေးကို ပွေ့ချီကာ bathroom ထဲခေါ်သွားပြီး
ဘေလ်စင်ဘောင်ပေါ်တင်ပေးထားလိုက်ပြီး စည်း ကbathtube ထဲ ရေပူရေအေးစပ်ခါ ဆေးရည်တချို့ကိုပါထည့်သည်။အားလုံးအဆင်သင့်ဖြစ်မှ စည်း ကိုစောင့်နေသော ကလေးငယ်ကို မျက်နှာသစ်ပေးရ၏။
ပြီးမှ bathtube ထဲ ထည့်ပေးပြီး ချော့ရပြန်တယ်။မဟုတ်လျှင် ချွန်နေတဲ့နှုတ်ခမ်းက စည်း မျက်နှာကိုထိုးမိတော့မယ်လေ။