
119 6 0
                                    

❤️အချစ်ကညှို့တယ်❤️{Part--15}
********❤️*******

လက်ထပ်ဖို့ တစ်ရက်အလို...!!

* စဝ်မင်းစံခေါင် * စံအိမ် တွင်တော့ ………!

" လေးငယ်…လေးငယ် "

ဝရန်တာတွင် ရပ်နေသည့် မိန့် ထံ တကြော်ကြော်ခေါ်ရင်း အနားရောက် လာသည့် သားခန့် ။

" လေးငယ်က…!
မနက်ဖြန်ဆို ဆေးရုံအုပ် နဲ့ လက်ထပ်တော့မှာလေ !
အဲ့ဒါကြောင့် …ဘာမှနားမလည်တဲ့ လေးငယ်ကို သိသင့် နားလည်သင့် တာလေးတွေ ပြမလို့ "

" အမ်…ဘယ်လို "

" ဟုတ်တယ်ဗျ…!
လာ အခန်းထဲသွားရအောင် ! လေစိမ်းတွေတိုက်တယ်
အခန်းထဲရောက်မှ…ပြမယ် လိုက်ခဲ့ "

သားခန့် ဦးလေးဖြစ်သူကို လက်ဆွဲကာ အခန်းထဲခေါ်သွား လိုက်သည်။

ဝမ်းနည်းနေသည့် လေးငယ်ကြောင့် တမင်စိတ်ပြောင်းစေချင်လို့ပါလေ။

အခန်းထဲရောက်သည်နှင့် ကုတင်ကိုမှီကာ တူဝရီးနှစ်ယောက် အကျအန စောင်ခြုံလိုက်ပြီး လေးငယ်ကတော့ သားခန့်ပြမယ်ဆိုသောအရာကို စိတ်ဝင်တစားစောင့်ဆိုင်းနေ လေသည်။

သားခန့်ကတော့ ပြုံးစိစိဖြင့် သာ။

ခုနေသာ ကြည့်ချင်လို့ စိတ်ဝင်စားပြီး စောင့်နေတာ ပြီးရင် ထဆဲမှာတော့မြင်ယောင်သေး။

" လေးငယ် "

" ဟင် "

" မနက်ဖြန်ဆို…လေးငယ်က ဆေးရုံအုပ် ရဲ့ အိမ်သား  ဖြစ်သွားပြီနော်"

" အင်း…ငါသိပါတယ် "

" ဘာပဲဖြစ်ဖြစ်…ဆေးရုံအုပ် က လေးငယ်ကိုဘယ်လောက်ပဲ ချစ်တယ်ပြောပြော…နားလည်ပေးတယ်ဆိုဦးတော့ လေးငယ်ဘက်က အလိုက် တသိတော့ …ရှိပေးရမှာပဲလေ ! ဟုတ်တယ်မဟုတ်လား ?? "

ခုထိ သားခန့်စကားကို သဘောမပေါက်သေးမှန်း သိပ်ဖြူစင် လွန်းသော
လေးငယ်မျက်ဝန်းလေးတွေပြူးနေသည်က သက်သေပင်။

" တကယ်လို့…!
ဆေးရုံအုပ်က လေးငယ်ကို…လိုချင်တယ်တောင်းဆိုလာရင်
လေးငယ်ဘက်က ငြင်းလို့ မဖြစ်ဘူးနော် "

" သူလိုချင်တယ်…ဆိုလို့ မနက်ဖြန်ပဲ ငါကသူနဲ့လက်ထပ်ပြီး သူခေါ်ရာကို လိုက်သွားရတော့မှာလေ "

❤️အချစ်ကညှို့တယ်❤️Where stories live. Discover now