" ညီငယ်လေးရေ…"
" ဒုန်း "
ခရီးဆောင်အိတ်ထဲ အဝတ်အစားနှင့် လိုအပ်တာတွေထည့်
ပြီး ညီငယ်လေးကို ပြောဖို့ မိန့်တို့အခန်းဆီ ဝင်လာသည့်
သတိုးပုံစံကြောင့် တိမ်လွှာ့လက်ထဲမှ ရေဗူးမှာ လွတ်ကျသွား
တော့သည်။တိမ်လွှာပေးခဲ့ဖူးသည့် ဂျဲင်းန်ဘောင်းဘီနှင့် ရှပ်အင်္ကျီကိုပဲ
အပေါ်မှ လည်သာဂျာကင်အနက်ဖြင့် ဝတ်ထားသည့် ကိုကြီး
ကြောင့် ရင်ခုန်သံကတိမ်းကပါးဖြင့် လက်ထဲမှရေဗူးပါလွတ် ကျ ရ တာပင်။ကျန်တဲ့သူတွေကော ကိုခမ်းနားရင်ခွင်ထဲမှ အိပ်ပျော်လုဆဲဆဲ မင်းမိန့်ပါ ခေါင်းထထောင်ကြည့်တာမို့ တိမ်လွှာလည်း ရှက်
ရှက်ဖြင့် ရေဗူးကိုကောက်ခါ မချိသွားလေးဖြဲပြလိုက်မိ၏။" အဟမ်း…သတိထားမှပေါ့ "
" ကိုကိုကြီးက…ဘယ်သွားမလို့လဲဟင် "
မျက်နှာလေးငြိုစွာ မေးလာသည့် ညီငယ်လေးကို ခမ်းနား
ရင်ခွင်ထဲမှာ အသာခေါ်ယူပွေ့ချီလိုက်ပြီး ယောက်ျား၏ဂရုစိုက်
မှုဖြင့် ဖောင်းဖောင်းလေးဖြစ်နေသော ပါးလေးကို အားပါးတရ
နမ်းရှိုက်လိုက်မိသည်။၁၃နှစ်လုံး အတ္တတို့ဖြင့် ဥပေက္ခာပြုခဲ့မိသော ဒီကလေးကို
ခမ်းနားနှင့် အိမ်ထောင်ပြုပြီးမှပဲ အချစ်တွေပုံအောနေမိသလို
နောင်တတွေလည်း ရပြီးရင်း ရရင်းပါပဲ။" ကိုကိုကြီး…မန္တလေးကို အလုပ်ကိစ္စနဲ့ခရီးသွားရမယ် သား !
ပြန်လာရင် သားကြိုက်တဲ့ ထိုးမုန့်ဝယ်ခဲ့မယ်နော် "" ဟင့်…ဘယ်သူပါလေးလဲဟင် ကိုကိုကြီး "
" အယ်လ်ထူးပါတယ်…ညီငယ် "
" ဂရုစိုက်နော်…ကိုကိုကြီး !
သားဆီ ဖုန်းဆက်နော်…ခဏခဏ အားတိုင်းဆက်နော်
နော် လို့ ကိုကိုကြီး "သတိုးချီထား၍ သတိုးထက်မြင့်နေသော ညီငယ်က သတိုးပခုံးတစ်ဖက်ဆီ သူ့လက်လေးတွေထောက်ခါ ခေါင်းလေးငုံ့လို့ နှုတ်ခမ်းလေးတချွန်ချွန်ဖြင့် အမှာတော်ပါးနေသည်က ချစ်လို့မဝနိုင်စရာဖြစ်နေတော့သည်။
" ရွှတ်…အားပါး ဒီပါးအိအိလေးက နမ်းပြီးရင်းနမ်းချင်နေ
တယ် ဗျာ ! ဒီကလေးလေးကို ခေါ်သွားချင်လိုက်တာ "