❤️အချစ်ကညှို့တယ်❤️{Part--10}
*********❤️********ညေန………5:00 နာရီ !!
" လေးငယ်…လေးငယ် ! ထတော့လေ …ညနေစောင်းနေပြီ နော် "
နားထဲ အသံက ဝေးသွားလိုက် ! နီးလာလိုက် နှင့် နိုးတစ်ဝက်ဖြင့် မိန့် မှာ ဇဝေဇဝါ။
" လေးငယ်…လို့ "
" အင်…အင်းးးး ဘာလဲ "
" ထတော့…နောက်ကျနေပြီ "
" ဘာလဲ...ကြာ "
ကိုဘုန်း အသဲအသန် နှိုးနေမှန်း အသေအချာသိတော့ မကျေမနပ် အော်မိတော့၏။
" ထပါတော့ဆို "
" အိပ်ချင်သေးတယ်…ကွာ "
" မအိပ်နဲ့…ထ !
ရေချိုးတော့ …ခဏနေ လူစုံတော့မှာ …
ကျနော့် သူငယ်ချင်းတွေနဲ့ ဒီနေ့အိမ်မှာ ပါတီအသေးစားလေးလုပ်မှာ မို့ ကိုခန့်လည်း ပြန်လာတော့မယ် !ညီငယ်တောင်ရေချိုးနေပြီ …ဒက်ဒီလည်းရောက်နေပြီ !
လေးငယ်ပဲ ဘာမှမလုပ်ရသေးတာ "" မင်းဖာသာ ပါတီလုပ်တာ…ငါကဘာဆိုင်လို့ လဲ လို့ "
"ဒေါက်တာလည်း…လာမှာလေ ! အဲ့အတွက် ဆိုင်တာပေါ့ "
ဒေါက်တာလည်းလာမှာဆိုသည့် ကိုဘုန်းစကားကြောင့် မိန့် နှာခေါင်း ရှုံ့မိသွားသည်။
သူ့ဘာသာ လာပါစေပေါ့ !!!
" ဘာမှမဆိုင်ဘူး…! လာချင်လာ…မလာချင်နေ "
" ဟောဗျာ "
လာချင်လာ…မလာချင်နေဆိုပြီးဘောက်ဆတ်ဘောက်ဆတ်ဖြင့်
ရေချိုးခန်းထဲ ဝင်သွားသူက လေးငယ်ပင်။သူပဲ ဘာဆိုင်လို့လဲ…ဆိုပြီး ခုကျ ရေသွားချိုးတာတဲ့။
ခွီးးးးဟီးးဟီးး
ကိုဘုန်း မနေနိုင်မထိုင်နိုင်ရယ်မိရင်း………
မျက်လုံးက အခန်းထဲက အထုပ်တွေနှင့်
ထီးထီးကြီးနေရာယူထားသည့် ကုတင်ခေါင်းရင်းနားမှ အရုပ်ကြီး နှစ်ရုပ်အား မြင်တော့ ပါးစပ်ပင်ဟသွားရသည်။အဲ့ဒီလေးငယ်ကလေ …ကလေးလို့ ပြောလျှင်လည်းမကြိုက်
ပြီးတော့ လူကဖြင့် ကလေးလို အရုပ်တွေအရမ်းကြိုက်တာ။