❤️အချစ်ကညှို့တယ်❤️Part--14

135 3 0
                                    

❤️အချစ်ကညှို့တယ်❤️{Part--14}
********❤️********

စည်း မှာ မိန့် အခန်းထဲခြေချလိုက်သည်နှင့် ငိုသံကြားလိုက်ရ တာကြောင့်
ကုတင်နားသို့ လေအလျှင်လို အပြေးရောက်သွားမိသည်။

" ကလေးငယ်…ဘာဖြစ်လို့လဲ "

" ဆေးရုံအုပ် "

သားခန့် မှာ ဆေးရုံအုပ် ၏ အလျှင်အမြန်ရောက်လာပုံကြောင့် အံ့သြမိတာပါးစပ်ပင်မစိနိုင်။

ဘယ့်နှယ်…!
ဘယ်လို အလျှင်နှုန်းနဲ့များ ကားမောင်းလာပါလိမ့်။

အလိုက်တသိပင် သားခန့် နေရာဖယ်ပေးလိုက်တော့ သားခန့် နေရာဝင် ထိုင်သည့် ဆေးရုံအုပ် ၏ ရင်ခွင်ထဲ လေးငယ်မှာ အော်တိုဝင်သွားတော့သည်။

" ကလေးငယ်…ဘာဖြစ်လို့လဲ ! ကိုယ့်ကိုပြောပါဦး…ကွာ "

ရင်ခွင်ထဲကွက်တိရောက်လာသည့် ခန္ဓာကိုယ်လေးက ပူနွေးနေ၍ စည်း
စိတ်မကောင်းဖြစ်ရသလို တအီအီငိုနေတာက လူကို ပိုစိတ်ပူရတာပင်။

မိန့် မှာ သားခန့်မဟုတ်သည့် စည်း ရင်ခွင်ထဲရောက်သွားကာ မှ ပိုငိုချင်သလိုခံစားရတာ ဘာကြောင့်မှန်းမသိ။

လူကြီးရင်ခွင်က ဘာလို့များ အားကိုးတကြီးဖက်တွယ်ချင် စရာကောင်းနေ ရပါလိမ့်။

" အဟင့်…နာတယ် ! အီး ဟီး ဟီး အပ်နေနဲ့ထိုးနေသလိုပဲ လူကြီးရဲ့
မိန့် ကို ဆယ်ပေါင်တူနဲ့ ထုထားသလို ခံစားရတယ် ဟီး ဟီး ဟင့် "

" ဘယ်လိုဖြစ်ပြီး…အခုလိုတောင် ဖျားသွားရတာလဲ "

အမေးကို လေးငယ်ကမဖြေ၍ သားခန့်သက်ပြင်းချမိသည်။

သူ့ဟာကြီးကျတော့ သူကြောက်တတ်လိုက်တာ လေးငယ်တို့က …

" မိုးရေထဲ…ဘောလုံးသွားကန်တာလေ ! ဖျားမှာပေါ့ "

သားခန့် အဖြေကြောင့် ဆေးရုံအုပ်က မျက်မှောင်ကြုတ်သလို လေးငယ်
ကတော့ ဆေးရုံအုပ် ရင်ခွင်ထဲ ပိုကျုံ့ဝင်သွားသလားပဲ။

" မိုးရေထဲ…ဘောလုံးသွားကန်တာ ! ဟုတ်လား…မိန့် "

" အဟင့်…ဟင့် ဟုတ်တယ် လို့ …မဆူပါနဲ့တော့ ဆို ! အီး ဟီး ဟီး
တစ်ကိုယ်လုံးနာကျင်နေပါတယ်ဆို…ဆူပဲဆူနေကြတယ် ဟင့် "

❤️အချစ်ကညှို့တယ်❤️Where stories live. Discover now