❤️အချစ်ကညှို့တယ်❤️Part--34

74 3 0
                                    

❤️အချစ်ကညှို့တယ်❤️{Part--34}
********❤️********

" ဘာမှမပြောတော့ဘူးလား…သားခန့် "

" ဟို…ကျနော် ဘာကို ဘယ်လို စပြောရမှန်းမသိတော့လို့ "

" ပြောချင်တဲ့နေရာက…စပြော မလိမ်နဲ့ မညာနဲ့ !
  နောင် တစ်ချိန် ပြန်သိမှဆို ငါ စိတ်ဆိုးမိလိမ့်မယ် "

" ကျနော်………………………… "

" ဘာ !!!"

*******************

လေးငယ်၏ ဘာ သံ က ဟိန်းထွက်လာတာမှ စူးခနဲပဲ။

သားခန့်လည်း အနီးကပ်ရှိနေသည့် အနေအထားမို့ နားရင်းအုပ်မခံရ လျှင် ကံကောင်းဆိုပြီး ခေါင်းသာငုံ့ထားမိလိုက်တယ်။

" ဒါဖြင့်…မင်းရဲ့လူနာက ဦးမင်းဒီပါပေါ့ "

" ဟုတ်ပါတယ်…လေးငယ် "

" အခု…!
မင်းဒက်ဒီနဲ့ ဆက်သွယ်လို့ မင်းကလူနာကို ဒီအတိုင်း
ထားပစ်ခဲ့တာပေါ့ ဟုတ်လား သားခန့် !

" ဟုတ် …အား အား နာတယ် လေးငယ်ရ မလုပ်နဲ့လေ "

ဗိုက်ခေါက်ကို အားနဲ့ လိမ်ဆွဲလိုက်၍ သားခန့် မှာ မျက်လုံးတွေပင် ပြာသွားရပြီး ခံစားချက်က မသက်သာလှပါ။

လေးငယ်တို့ လက်သံပြောင်ချက်က လန်ထွက်နေတာပဲ။

" မင်းဒက်ဒီကို မြူစွယ်တယ် …မင်းသူငယ်ချင်းကိုမြူဆွယ်
  တယ်ဆိုပြီး ရက်ရက်စက်စက် စွပ်စွဲခဲ့တာ မလွန်ဘူးလား!
  လူတစ်ဖက်သားကို အထင်နဲ့ စွပ်စွဲတာ ကောင်းတဲ့အလုပ်
  မဟုတ်ဘူးနော် …သားခန့် "

" …………………  "

" ကိုကိုကြီးက ငါ့ကို ဥပေက္ခာပြုခဲ့ပေမယ့် !
  ငါက အမြဲ ကိုကိုကြီးကို ကြည့်နေခဲ့တဲ့ သူပါ သားခန့် !
  မင်း စွပ်စွဲသလိုမျိုး အရိပ်အယောင်မျိုး ငါ မတွေ့မိဘူးနော်"

" ကျနော်က…ဒက်ဒီကို စွပ်စွဲတာမဟုတ်ပါဘူး လေးငယ်"

" မင်းက…အတော်ဆိုးတဲ့ကောင်ပဲနော် သားခန့် !
  တကယ်တမ်းကျ…မင်းက ဦးမင်းဒီပါက မင်းဒက်ဒီကို
  ချစ်နေမှာကို သဝန်တိုနေတာပဲ ကွ "

" ဟာ…မဟုတ်ဘူးနော် လေးငယ် "

" ဟား ဟား …သားခန့်လေးရယ် !
  မင်းတို့လေးငယ်က မင်းတို့ကို ထိန်းလာတာပါကွာ !
  မင်း ဖြစ်ပျက်နေတဲ့ပုံစံက သဝန်တိုနေတာ အသိသာကြီး
  ကိုယ့်ကိုကိုယ် မညာချင်စမ်းပါနဲ့ ကွာ "

❤️အချစ်ကညှို့တယ်❤️Where stories live. Discover now