❤️အချစ်ကညှို့တယ်❤️{Part--35}
********❤️********< နာကျင်နေရပါပြီ ချာတိတ်ရယ် !
မင်းရဲ့စီနီယာတွေ အတန်းဖော်တွေထဲ မင်းရဲ့သက်ဆိုင်သူ
လည်း ကျိန်းသေပါမယ်ထင်ပါရဲ့ !
ပျော်ရွှင်ပါစေ တိမ်လေးရယ် >*********************
8:00 PMညစာစားဖို့ ကလေးတွေကော ညီငယ်ကော ခဏခဏ လာခေါ်နေ၍ သတိုး ဖြည်းညှင်းစွာ အောက်ဆင်းခဲ့လိုက်သည်။
" ဟင် "
ထမင်းစားခန်းဝ ရောက်တော့ မထင်မှတ်တဲ့ မြင်ကွင်းက ဆီးကြို နေခဲ့တယ်။
သတိုး သိပ်တွေ့ချင်သည့် မျက်နှာလေး နာကျင်လွမ်းဆွတ်ခဲ့ရသည့် ချာတိတ်။
" ဟေ့ရောင်…မင်း စီနီယာတွေကို အဲ့အတိုင်းထားခဲ့တယ်ပေါ့
အံ့သြပါ့ကွာ တိမ်တိမ်ရာ…
မင်း…အတွက် ထိုးမုန့် နဲ့ မုန့်ကုလားမဲ ချန်ထားပါတယ်ကွ"" --ီးကို ချန်ထားပါလား…ငါက အဲ့လောက်ငတ်တဲ့ကောင်
ဆိုတော့လေ…ဟွန်း ကိုကြိးကို တွေ့ချင်လို့ အပြေးလာခဲ့
တာ မင်းမိန့်ရ "" ဟိ ဟိ…အရမ်းလွမ်းနေတယ်ပေါ့လေ ဟုတ်စ "
" လွမ်းတာပေါ့…ဒါနဲ့ ကိုကြီး နေမကောင်းဖြစ်လာတယ်ဆိုဘယ်လို ဖြစ်ရတာလဲ မင်းမိန့် "
" သိဘူးလေ…အလုပ်ပင်ပမ်းလို့တဲ့ ခရီးလည်းပမ်းလာလို့တဲ့
ခုထိကို ဆင်းမလာသေးတာ "" ဟင်…ဟုတ်လား စိတ်ပူလိုက်တာကွာ !
ငါ…သွားကြည့်လိုက်ရမလားဟင် မင်းမိန့် "" သွားကြည့်လေ…တစ်ခါတည်းရအောင် ခေါ်ခဲ့ဦး နော် "
" အင်းပါ "
လွမ်းဆွတ်နေရသည့် မျက်နှာလေးကို တမေ့တမောခိုးငေးရင်း မိမိအခန်းထဲလာမည်ဟု ပြောနေ
သောကြောင့် အခန်းဝမှာရပ်နေရင်းမှ အခန်းထဲ ခြေချလိုက်ရသည်။" အယ်…ကိုကြီးကဆင်းတောင်လာပြီ "
" အင်း "
အင်း တစ်လုံးသာပြောပြီး စားပွဲထိပ်၏ခုံမှာ ဝင်ထိုင်ရင်း…
" ကိုဆက်…"
" ဟုတ်…သခင်ကြီး "
" ဆန်ပြုတ်ထဲ သကြားလေးနည်းနည်းထည့်ပေး "