❤️အချစ်ကညှို့တယ်❤️{Part--25}
********❤️********" ကိုကြီး "
" ဟင် "
" အဲကွန်း ထပ်တင်ပေးမလား...အိုက်နေမလားလို့ "
ဒီတော့မှ ကုတ်ကို ကြယ်သီးဖြုတ်ကာ ရင်ဘတ်ဖွင့်လို့ခေါင်းငြိမ့်ပြလာ သည်။
အဲကွန်းကိုအရှိန်တင်ပေးရင်း...
" ကိုကြီး "
" ဟင် "
" အပေါ်ထပ်ကုတ်ကိုချွတ်ထားလိုက်ပါလား...စိတ်မအိုက်နေဘူးလား...ဟင် ကိုကြီး "
" မင်း...အစ်ကိုက မလာသေးဘူးလား "
" လာနေပြီတဲ့...!
မိုးကလည်းသည်းနေတော့ ကားတွေပိတ်နေလို့တဲ့ လေ "" အော် "
သတိုးလည်း လက်မှနာရီကိုငုံ့ကြည့်မိတော့ အချိန်က 8:00နာရီကို ညွှန်ပြနေပြီမို့ လူလည်း ငြီးစီစီဖြစ်နေသည်။
အပေါ်ကုတ်ကိုချွတ်ပြီး ဆိုဖာပေါ် လွှားတင်လိုက်ပြီး ဝရန်တာ ဘက် ထွက်လာခဲ့လိုက်တော့၏။
အငြှိုးတကြီးရွာနေသည့်မိုးကြောင့် ဝရန်တာတွင်ရပ်နေသည့်
သတိုးဆီပါ စင်လာခဲ့၍ ခေါင်းမော့လို့ ခံယူမိရင်း ထိုအနေအထားကို နှစ်ခြိုက်စွာပြုံးမိရပြန်တယ်။လူငယ်ဘဝကို လွတ်လပ်စွာဖန်တီးခွင့်မရလိုက်ပါဘဲ အိမ်ထောင်ရေး ဆိုတဲ့ ထောင်ထဲထည့်ခံလိုက်ရသည့် သတိုးဟာ စီးပွားရေးလောက ထဲမှာသာ ကျင်လည်ရင်း လွတ်လပ်ခြင်း၏
အရသာကိုလည်း မေ့လျော့နေခဲ့မိတာ နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာမြင့်ခဲ့ပြီပဲလေ။မိုးစက် မိုးပေါက်တွေ၏ ထိတွေ့မှုကို ခံယူရင်း အတိတ်ဆီအတွေးတချို့ ပျံ့လွင့်နေခဲ့သည့် သတိုးဟာ တိမ်လွှာ့အစ်ကို
ရောက်လာပြီး စာချုပ်ယူသွားတာတောင်မသိလိုက်။" ကိုကြီး...ကိုကြီး "
" ဟင်...အင်း "
အခါခါ ခေါ်သံကြားမှ နောက်လှည့်ကြည့်မိတော့ ချာတိတ်...
" ပြောလေ...မင်း အစ်ကို မလာသေးဘူးလား "
" ဗျာ...ကိုကောင်းက ပြန်တောင်သွားပြီ ကိုကြီးရဲ့ "