သားခန့် မှာ စိတ်ဆိုးပြီးဖုန်းချလိုက်သည့် လေးငယ်ကြောင့်
ဖုန်းပြန်ခေါ်ချင်ပါသော်လည်း ပေးစရာ အကြောင်းပြချက်က
လုံလောက်စွာမရှိ၍ ပြန်မခေါ်မိတော့။ဘယ်လောက်တောင်စိတ်ဆိုးနေမလဲဆိုတာ တွေးမိသလို
ငိုနေမှာကိုလည်း သိပေမယ့် မခေါ်မိ။" ဟင်းးးး "
" သက်ပြင်းချလို့ ပါလား ကွ "
" သြော် …ဆေးရုံအုပ် "
ဘယ်လိုပင် ကိုယ့်ဦးလေး၏ အမျိုးသားဖြစ်ပါစေဦး လုပ်ငန်း
ခွင်မှာတော့ သားခန့် ဆေးရုံအုပ် ဟုသာ ခေါ်သည်။" ဆေးရုံအုပ်…တစ်ခုခု ခိုင်းစရာရှိလို့လား "
သားခန့်တို့ နားနေခန်းထဲ မဝင်စဖူး ဝင်လာသည့် ဆေးရုံအုပ်
ကြောင့် မေးမိခြင်းပင်။" ပြင်ဆင်နေတာ …ဘယ်လိုလဲ ! ဘာလိုအပ်သေးလဲ "
" ဆေးရုံအုပ်…!
ဝယ်ပေးထားတဲ့ ပစ္စည်းတွေက ပြည့်စုံပါတယ်!
မလိုအပ်တော့ပါဘူး…မနက်ဖြန် ရပြီ ဆေးရုံအုပ် "" သဘက်ခါမှလို့ စီစဉ်ထားတယ် …သားခန့် "
" ဟုတ်…ဒါနဲ့…ဟို လေ ဆေးရုံအုပ်"
စကားစရခက်နေဟန်ဖြင့် သားခန့် မျက်နှာက တစ်မျိုးဖြစ်
နေပုံကို စည်း သေချာကြည့်နေမိတာပင်။" လေးငယ်ကို …ဟို ဟို "
" ဟင့်အင်းး "
" ဗျာ …ဘာကို ဟင့်အင်း လဲ "
" မင်းမေးချင်တဲ့ မေးခွန်းကို ငါသိလို့ ဖြေတာလေ "
ဟုတ်သားပဲ…ဆေးရုံအုပ်လိုလူက တစ်ဖက်သားကို ထွင်းဖောက်
မတတ် အကဲခတ်တော်လွန်းတာမို့ သားခန့် ဘာကိုမေးချင်
လဲ မသိဘဲ နေမတဲ့လား။မိမိဦးလေး လူပျိုကောစစ်သေးရဲ့လားလို့ ဘယ်လိုအစပျိုး
မေးနိုင်မလဲလေ။
ဒါပေမယ့် ဆေးရုံအုပ်က တန်းခနဲ သိနေပြန်တယ် ။" အဟမ်းး ဟုတ်ကဲ့ ! ကျနော် ဘယ်လို စမေးရမှန်းမသိလို့ "
" ဖြူစင်လွန်းတယ်…ဘာဆို ဘာမှမသိတဲ့ ကလေးငယ်ပဲ !
အဲ့ဒါကြောင့်…အစပျိုးဖို့ ငါတကယ် မလုပ်ရက်ဘူး !
မင်းပြထားတယ်ဆိုတဲ့ video ကြောင့် ငါ့မှာ မနည်းပဲ
ချော့မော့ထားရတာ…"