❤️အချစ်ကညှို့တယ်❤️Part--7

1.4K 13 1
                                    

❤️ အချစ်ကညှို့တယ် ❤️ { Part--7 }
*********❤️*********

" အ …ခွီးမှပဲ ! ဒီကြက်ဥကတော့ …ငါ့ကို လာပေါက်နေတယ် !
ပါးစပ်ထဲ ထည့်ဝါးစားပစ်လိုက်လို့ …ကုန်သွားဦးမယ် "

မနက်စောစော ကိုကိုကြီးအတွက် ကြက်ဥဟက်ဖလွိုက်နှင့် ကော်ဖီက
အမြဲမပါမဖြစ်မို့ ပြင်ဆင်ပေးရင်း ဆီထပေါက်နေသည့် ကြက်ဥနှင့် ရန်ဖြစ်နေသည့် မိန့် ။

အိမ်အကူလေးတွေကတော့ တခွိခွိနှင့် ခိုးလို့ရယ်နေ ကြတာ။

ဒီတစ်လော မနက်စာကို ထွေထွေထူးထူး မပြင်ရတာ ကြာပြီဖြစ်၏ ။

အကြောင်းရင်းကတော့ ဒေါက်တာစည်းစိမ်ခမ်းနားကြောင့်ပင်။

မိန့်ကိုယ်တိုင်လည်း သူ့အားကိုးနှင့် အိပ်ယာထနောက်ကျခဲ့
တာ အတော်ကြာပြီ။

အဲ့လူကြီးက မရိုးနိုင်သည့် မနက်စာတွေကို လူလွှတ်ပြီးပို့ခိုင်းတတ်သလို
ဒီမနက်လည်း နန်းကြီးသုပ်နှင့် မြန်မာမုန့် တချို့က မိုးလင်းတာနှင့် အသင့်။

ကိုကိုကြီးကတော့  ကြက်ဥဟက်ဖလွိုက်နှင့် ကော်ဖီသမားမို့
အိပ်ယာထနောက်ကျနေသည့် မိန့် အဆူခံရမှာစိုး၍ပြင်ဆင်ပေးနေ ရတာ။

ကျန်သူတွေက အဲ့လူကြီးပို့ပေးသည့် မနက်စာဖြင့်ပင် ပြီးသည်။

" Wow……ဒီနေ့ နန်းကြီးသုပ်ပဲ ! ဆွဲပြီဟေ့ …အဟားးး ကိုခန့်နဲ့ ညီငယ်ရေ လေးငယ်ဆိုတဲ့ ဆင်ဖြူတော်လေးကို မှီပြီး ကြံစုပ်ရတာပွတာပဲ "

ကိုဘုန်းက စားပွဲမှာဝင်ထိုင်ပြီး ရွှတ်နောက်နောက် စပြောလာပြီဖြစ်၏ ။

" ပါးစပ်ကြီးပိတ်စားး! နားရင်းတီးခံချင်လို့လား … ဆီပေါက် ခံထားရလို့ စိတ်တိုနေပါတယ်ဆို "

ကိုဘုန်းဘက်လှည့်ပြောပြီး မိန့်လည်း စားပွဲမှာဝင်ထိုင်လိုက်သည်။

ခုနောက်ပိုင်း ကိုကိုကြီးက သူနှင့်အတူစားခိုင်းတာမို့ မိန့်လည်း ရဲရဲ ထိုင်စားရဲတာ။

ထိုစဉ် ကိုကိုကြီးနှင့်အတူ သားခန့်နှင့် သားငယ်လေးပါ ရောက်လာပြီ မို့ တူတူ စားနေဖြစ်ကြရင်း…

❤️အချစ်ကညှို့တယ်❤️Where stories live. Discover now