❤️အချစ်ကညှို့တယ်❤️{Part--30}
********❤️********" ကိုကြီး…ဘာကိုပြောချင်တာလဲ "
" သဘောမပေါက်ဘူးလား…!
ငါ့ဘဝမှာ တခြားတစ်ယောက်ကို စိတ်ရှည်လက်ရှည်
ရှင်းပြနေရတာကို အမုန်းဆုံးပဲ !
မင်းဖြစ်နေလို့……"ပြောပြီး ခေါက်ဆွဲအိုးထဲ အသီးအရွက်နှင့် အကင်တွေကို
ထည့်နေသည့် ကိုကြီး၏ကျောပြင်ကို တိမ်လွှာငေးရင်း
အဖြေရှာနေမိတယ်။ဘာပြောချင်တာလဲ ဒီအဖိုးကြီးက…!!
*******************
" ရပြီ…စားတော့ "
" ဗျာ…ဟုတ် ! ကျေးဇူးတင်ပါတယ်နော်…ကိုကြီး "
" အင်း…တင်သင့်တာပေါ့ ! ဘာလို့ဆို…ငါ ခုလိုတစိမ်းတစ်
ယောက်ကို တယုတယလုပ်ပေးဖူးတာ ပထမဆုံးမို့ "အာ…ဒီအဖိုးကြီးတော့လား နည်းနည်းမှ နုရွလို့မရဘူးလားဟ!
< ကိုကြီး ခုလိုလုပ်ပေးတာ တိမ်လေးတစ်ယောက်တည်း
ကိုပါလို့ နူးညံ့စွာပြောပါတော့လား >ထိုအခြေအနေတွေကို တိတ်တိတ်လေးခိုးကြည့်နေကြသည့်
လူတစ်စုလည်းရှိပါသေးသည်။ဘယ်သူတွေဖြစ်မှာတဲ့လဲ??
စည်း တို့ တူဝရီး ၃ ယောက်ပဲပေါ့ …။
သဘောတကျ ခိုးကြည့်နေကြပြီး အပြုံးတောက်တောက်တွေဖြင့် အပေါ်တက်သွားကြတော့တာပင်။
တိမ်လွှာကသာ ခေါက်ဆွဲကို အားပါးတရသောက်နေပေမယ့် ကိုကြီးက ဘေးကနေသာ ဟိုဟာထည့်ပေး ဒီဟာထည့်ပေးနဲ့လုပ်နေပြီး မသောက်တာမို့…
" ကိုကြီးက…မသောက်ဘူးလား !
အင့်…ဒါလေးက ကြက်ငရုပ်ကောင်း စားလို့ကောင်းတယ်"ဝိုးးးးးးး တိမ်လွှာခွံ့ပေးတာကို ကိုကြီးက စားလိုက်တယ်။
အားးးပျော်လိုက်တာ……။" မင်း…နေမကောင်းလို့ ဆေးရုံရောက်သွားတဲ့ရက် !
ကိုကြီးလည်း ဖျားနေခဲ့တာ ""ဟင်…ဟုတ်လား ! ဘယ်လိုဖြစ်လို့လဲ ဟင် ကိုကြီး "
" အနာရှိန်တက်ပြီး…ဖျားတာလေ !
သားကြီးဆို သူ့ဦးလေးကတစ်ဖက် ကိုကြီးကတစ်ဖက်နဲ့
ဗျာများသွားရှာတာ !
တော်သေးတယ်…ဒီပါ ရောက်လာပေးလို့ "