" လာ…လေးငယ် "
car parking မှာ ကားကိုရပ်ပြီးတာနဲ့ လေးငယ်ကို လက်
ဆွဲလို့ Mall ထဲ ဝင်သွားလိုက်သည်။လူကြောက်သည့် မိန့် က လူအများကြီးမို့ သားခန့်လက်ကို
တင်းတင်းကြပ်ကြပ်ပင် ဆုပ်ကိုင်ထားမိတယ်။ထိုစဉ် မိန့် မျက်ဝန်းထဲတိုးဝင်လာသည့် ပုံရိပ်တစ်ခု။
ခါးလွတ်အင်္ကျီအနီရောင်ကို ပေါင်လယ်လောက်သာရှိသည့်
skirt အဖြူဖြင့် တွဲဝတ်ခါ မဟော်ဂနီရောင်ဆံနွယ်တွေက
အခွေအလိပ်ကြီးတွေဖြင့် ခေတ်အမြင်မှာ သိပ်လှနေမလား
မပြောတတ်ပေမယ့် မိန့် အတွက်တော့ နှာခေါင်းရှုံ့ချင်စရာ
ဖြစ်နေခဲ့သည်။ထို မိန်းကလေး၏ မျက်ဝန်းတွေက သားခန့်ဆီမှာ မလွှဲစတမ်း။
သားခန့်ကလည်း လှမ်းလို့ငမ်းလိုက်သေးတာ $ ကလေး။
" သားခန့်…"
" ဗျာ "
" ရေခဲမုန့် "
ရေခဲမုန့်ဆိုင်လက်ညှိုးထိုးလို့ ပူဆာနေသည့် လေးငယ်ကို
သားခန့် ခေါင်းခါပြတော့ မျက်နှာလေးညိုလို့ ချက်ချင်းပဲ ငိုချ
တော့မယ့်အတိုင်း။" စားချင်လို့…တစ်ခွက်ပဲစားမှာပါ ! ပြီးရင် ဆေးတိုက်လေ…
နော် နော် သားခန့် နော် လို့ "" လူမှားပြီး…ချွဲနေတာလား "
" မှားစရာလား…ငါ့ကိုကိုက မင်းထက်အပုံကြီးချောတာ"
" အာ…တော်တော် စေတနာရှိချင်စရာပဲ နော် "
" ဟိ ဟိ …အလကားစတာ !
လေးငယ်ရဲ့တူလေးက အချောဆုံး …လေးငယ်အချစ်ဆုံး
နော် နော် ရေခဲမုန့်ဝယ်ကျွေးနော် "သူစားချင်တော့ အချောဆုံး အချစ်ဆုံး တဲ့…!
သိပ်လည်တဲ့ ကလေးဆိုးလေး ပဲ လေးငယ်က …!!ရေခဲမုန့်ဆိုင်ထဲဝင်တော့ …
နို့ရယ် စတော်ဘယ်ရီ နဲ့ ဘလူးဘယ်ရီ သုံးမျိုးစပ် ပြီး ကပ်သီးကပ်သပ် မှာစားတဲ့ လေးငယ် က တကယ့် မနိုင်စိန် ကလေးပေါက်လေးပါလို့ ပြောရင် နှုတ်ခမ်းစူပြဦးမှာ သေချာတယ်။" ဟိ ဟိ …မိုက်လိုက်တာ ! မင်းက ကော်ဖီပဲလား သားခန့်
တခြားဟာလည်း စားလေ …ငါ ဝယ်ကျွေးမှာပေါ့ ဟိ "