❤️အချစ်ကညှို့တယ်❤️Part--12

123 3 0
                                    

❤️အချစ်ကညှို့တယ်❤️{Part--12}
********❤️********

ရင်တွေပူနေသည့် မိန့်က
ထမင်းစားခန်းထဲတန်းဝင်ကာ ရေခဲသေတ္တာထဲက ရေဗူး ကိုထုတ်လို့  အငမ်းမရ သောက်ပစ်လိုက်သည်။

လူကရင်တွေပူနေတာ ဟိုလူကြီးကြောင့်။

ဟင့် …ငိုချင်လိုက်တာ ဘာလို့ ငိုမရတာလဲ စည်း ဆိုတဲ့ လူကြီးရဲ့။

" နေပူထဲကနေလာပြီး...
ရေခဲရေတွေ တအားမသောက်ရဘူးလေ..."

" အမယ်လေး...ဒုန်း...."

ထိုအသံကြားပြီး မြင်လိုက်ရသည့် မျက်နှာကြောင့် မိန့်မှာ ပါးစပ်ကလွှတ်ခနဲယောင်မိကာ ရေဗူးကပါ ပြုတ်ကျသွားတော့သည်။

်" အဟွတ်...အဟွတ်...လူ အဲ စည်း ဘယ် ဘယ်လိုလုပ်"

*********************

မိန့် ကသာ သူခိုးလူမိသလို ပြူးပြူးပျာပျာဖြင့် မေးနေသလောက်
စည်းဆိုတဲ့ လူကြီးကတော့ဖြင့် လက်ထဲက ကော်ဖီခွက်ကို နှုတ်ခမ်းဝတွင်
တေ့ကာ ဇိမ်ခံသောက်နေတာလေ။

ကော်ဖီခွက်ပေါ်ကို ကျော်လို့ မိန့် ထံကြည့်လာသည့် အကြည့်တစ်စုံက
တော့ဖြင့် စူးရှလို့နေသည်။

ကော်ဖီခွက်ကိုင်ထားတာဆိုတော့…
မိန့် ထမင်းစားခန်းထဲမဝင်ခင်ကတည်းက သူက ရှိနှင့်နေတာပေါ့။

နေပါဦး… သူကအိမ်ပြန်သွားတာလေ။

ခု…ဘယ်လိုလုပ် မိန့် တို့အိမ်ထဲရောက်နေရတာလဲ။

Flash Back...!!

ရင်ထဲမှာလည်းမကောင်း လူကလည်း နေလို့အဆင်ပြေတာ
မို့ ပြန်ဖို့ရာ ကိုကိုကြီးတို့ကို နှုတ်ဆက်ဖို့ အိမ်ထဲဝင်လာသည့်
စည်း။

" ဆေးရုံအုပ်...နေလို့မကောင်းဘူးလား ???
မျက်နှာက ဖြူလျော်လျော် နဲ့ ...လေးငယ်ကော ဘယ်ကျန်ခဲ့လဲ.. "

" အင်း...ကလေးငယ်က မလိုက်တော့ဘူး တဲ့ !
  ငါ...ပြန်တော့မယ်...!
  ကိုကိုကြီး ကျွန်တော်ပြန်တော့မယ် နားချင်နေလို့ "

" အာ...ခမ်းနား...!
မင်း မပြန် နဲ့ ဒီမှာပဲ နေလိုက် မင်း ဒက်ဒီ ဖုန်းဆက်လာတယ် !
သူ့သားကို ဒီမှာပဲ ခဏ နေခွင့်ပြုပေးပါတဲ့...!
မင်း ဟိုမှာ အရမ်းနေမကောင်းဖြစ်လာတာဆို...
မကောင်းသေးပဲ ပြန်လာတာ မဟုတ်လား "

❤️အချစ်ကညှို့တယ်❤️Where stories live. Discover now