❤️အချစ်ကညှို့တယ်❤️Part--27

85 7 1
                                    

ဒီပါကတော့ အကို့အခန်းထဲရှိ အလုပ်စားပွဲတွင်ထိုင်ပြီး ဖုန်း
ထဲမှ ဆေးပညာနှင့်ပတ်သက်သည့် အကြောင်းအရာတွေကို
လေ့လာနေလိုက်သည်။

အိမ်အကူကလေးမလေး လာပေးသွားသည့် အအေးနှင့်ကိတ်
ကတော့ မျက်နှာငယ်စွာ ရှိနေလျက်။

အကိုဟာ ဒီပါ အတွက်တော့ ကျေးဇူးရှင်ပါပဲ။

ဒီပါက ဆေးပညာကိုပဲ ဝါသနာပါပြီး တခြားဘာမှစိတ်မဝင်စားတဲ့လူ။

ကိုကိုမြတ်က စီးပွားရေးကိုပဲ ဦးစားပေးရင်း နောက်ဆုံး
ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက်ဆုံးသွားပြီးတဲ့နောက် ဘယ်ကမှန်းမသိတဲ့ အကြွေးရှင်တွေက ကိုကိုမြတ်ရှာထားသမျှ သိမ်းသွားကြသည်။

ကံကောင်းလို့ ဒီပါ ရှာထားသည့် ငွေဖြင့်ဝယ်ထားသည့်
နှစ်ထပ်တိုက်လေးပါမသွားခဲ့ခြင်းပင်။

ကိုကိုမြတ်နှင့် အကိုဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပါလျက် စရိုက်ချင်းကျ ကွာဟ
လွန်းခဲ့သည်။

ကိုကိုမြတ်က လောင်းကစားဝါသနာထုံသလောက် အကိုက
တော့ ထိုအရာကိုမုန်းသည်တဲ့။

ကိုကိုမြတ် စည်းစိမ်အသိမ်းခံရခြင်းကလည်း တခြားဟုတ်ရိုး
လား
လောင်းကစားကြောင့် ရှူံးထားသမျှ ထိုးဆပ်ထားခဲ့၍ လာသိမ်းကြတာ မလွန်ဘူးမဟုတ်လား။

မိဘဘိုးဘွားလက်ထက်က ပိုင်ဆိုင်သမျှ ကိုကိုမြတ်မိုက်မဲမှု
ကြောင့် ဆုံးရှူံးရတဲ့ခံစားချက်ကအတော်လေးကို ထိချက်ပြင်းခဲ့တယ်။

အကိုကဖေးမပေးခဲ့လို့သာ ဒီပါ ပြိုလဲမသွားခဲ့တာ။

ကိုကိုမြတ်ဆုံးပြီးတော့ ဒီပါ့မှာ ကျန်ခဲ့တာဆိုလို့ ဘာပစ္စည်း
တစ်ခုတလေမှမရှိသေးတဲ့ အခွံသက်သက် နှစ်ထပ်တိုက်တစ်
လုံးအပြင် မပိုခဲ့ဘူး။

ဒီပါရှာသမျှလည်း ပါသွားခဲ့သည်မဟုတ်လား။

ဗလာနတ္ထိဖြစ်သွားချိန် အကိုကပဲ အစစအရာရာ ကူညီစောင့်
ရှောက်ပေးခဲ့တာဖြစ်သည်။

ရှာထားသမျှ အကြွေးနဲ့အသိမ်းခံရယုံမက ငွေသားချည်းပဲ
ထိုးဆပ်လိုက်ရသည်က သိန်းထောင်ချီမို့ ထိုငွေကိုလည်း
အကိုကသာ စိုက်ထုတ်ပေးခဲ့ရတာပင်။

❤️အချစ်ကညှို့တယ်❤️Where stories live. Discover now