❤️အချစ်ကညှို့တယ်❤️{Part--23}
*********❤️*******" အင်း...ဟင့် "
မိန့် နိုးလာတော့ သတိထားမိတာက နွေးထွေးတဲ့ ရင်ခွင်ထဲမှာမို့ ကိုကို မနိုးသေးဘူး ထင်ပါရဲ့။
မျက်လုံးလေးအသာဖွင့်ခါ ကိုကို့မျက်နှာကို ငေးနေမိတယ်။
မိန့် နေမကောင်းဖြစ်တိုင်း အိမ်မှာ အပင်ပမ်းရဆုံးက ကိုကိုပါ။
ဘာကြောင့်မှန်းမသိပေမယ့် နေမကောင်းဖြစ်တိုင်း ကိုကို့ ရင်ခွင်မှာသာ ခိုဝင်ချင်မိသည့် စိတ်ကို ကိုယ်တိုင်လည်း နားမလည်။
ဟင်...!!
ကိုကိုက နိုးတော့မှာလား ??
မျက်လုံးလေးမှိတ်လို့ အသာလေးပြန်ငြိမ်နေသည့် မိန့် ကြောင့် ခုမှ နိုးလာသည့် စည်းက မနိုးသေးဘူးထင်ကာ နဖူးလေးကို ဖွဖွနမ်းလိုက်ပြီ....
" သနားလိုက်တာ...ကိုယ့်ကလေးလေးရယ် !
ဆေးလည်းသောက်ရ ဆေးလည်းထိုးရနဲ့ သိပ်ချူချာပြီး
နုနယ်လွန်းတဲ့ ကလေးကို ဖြစ်နိုင်ရင် ငုံထားလိုက်ချင်တယ်"ပြောပြီး ပါးလေးကို စမ်းလိုက် လည်ပင်းဆီထိတွေ့လိုက်နဲ့
တယုတယစမ်းသပ်နေပြန်သေးတဲ့ စည်း။" အင့်...ကိုကို "
" နိုးပြီလား...ကလေးငယ် ! သက်သာရဲ့လား...ကိုယ်ထဲနေရတာ ကောင်းရဲ့လား ဟင် '
" ဟုတ်...သက်သာပါတယ် ကိုကို "
" အင်း...ဒါဖြင့် ထတော့ ! ကိုယ် ရေပူ ရေနွေးလေးစပ်ပြီး
ရေချိုးပေးမယ် ကလေးလေးကို "" ဟုတ် "
ဒီနေ့ weekend မို့ အန်ကယ်လ်စောမြတ်ထူးကိုပါ အိမ်လာပေးဖို့ ဖုန်းဆက်ထားပြီးသား။
ကလေးငယ်၏ အနေအထားကို ပိုစိတ်ချချင်တာမို့ ဆွေးနွေး
မှ ဖြစ်မယ်လေ။ဆယ်နာရီလောက်ရောက်လာမယ်ဟု ပြောထား၍ သတိတရ
နာရီမော့ကြည့်တော့ ၉ နာရီတောင် ထိုးလုပြီပဲ။ကလေးငယ်ကတော့ ဆေးအရှိန်နဲ့မို့ နောက်ကျမှ နိုးသလို စည်း ကတော့ ကလေးငယ် ထ ထလန့်လို့ ငိုတိုင်း နိုးရပြန်တာမို့ တစ်ညလုံးကောင်းကောင်းမအိပ်ရ၍ နောက်ကျခြင်းဖြစ်သည်။