မိန့်လည်း ဘာမှမပြောဘဲ မျက်နှာငယ်လေးဖြင့် ထိုင်နေမိ
တော့ ကိုဆက်က ရေခဲသေတ္တာထဲမှ စတော်ဘယ်ရီခွက်ကို
ယူကာ လာတိုက်သည်။မိန့် ခေါင်းခါပြပြီး အသီးနှစ်လုံးကို ပါးချောင်နှစ်ဖက် တစ်လုံး
စီသွင်းကာ တမြုံ့မြုံ့ဝါးရင်း ကိုကို့ကို ရင်မဆိုင်ရဲ၍
အပေါ်တက်နေဖို့ စိတ်ကူးဖြင့် အရှေ့က ပြန်ထွက်လာ တော့…ဗုဒ္ဓေါ…!!
စောနကအထိ စာဖတ်ခန်းထဲမှာရှိနေတဲ့ ကိုကိုက ခုတော့
ဧည့်ခန်းဆိုဖာမှာ ခြေပေါ်ခြေချိတ်လို့ laptop ကို ပေါင်
ပေါ်တင်ကာ ထိုင်နေတာလေ။ဝါးနေတဲ့ စတော်ဘယ်ရီတောင် ဘယ်လိုမြိုချလိုက်မိမှန်းမသိ
မိန့် အပေါ်တက်ဖို့စိတ်ကူးကို ဘေးဖယ်လိုက်ပြီး ကိုကို့ကို
ရင်ဆိုင်ဖို့သာ တွေးလိုက်သည်။ရှောင်နေလည်း ကိုကို့ဒေါသကို ဆွမိရုံသာဖြစ်မှာမို့။
မိန့် ကိုကို ထိုင်ရာဆိုဖာနားဆီသို့ သွားကာ မတ်တပ်လေးသွားရပ်မိ၏ ။
" ဗြန်းးး "
အမေ့…ကယ်ပါ…!!
ရှေ့စားပွဲပေါ် laptop ကိုတင်ကာ ဗြန်းခနဲဆောင့်ပိတ်ချသံ
က မိန့် ကို ဒူးတုန်သွားစေခဲ့သည်။ခြေပေါ်ခြေချိတ်မပြတ် လက်ပိုက်လျက် မိန့်ထံအေးစက်စက်
စိုက်ကြည့်နေပုံကြောင့်လည်း လက်နှစ်ဖက်က အင်္ကျီအောက်နား စကိုသာ လိမ်ဖဲ့နေမိတာ အငြှိုးတကြီး။ထိုအခြေအနေကို ဧည့်ခန်းဆီထွက်လာကြတဲ့ သားခန့် နှင့်
ထက်ရှားတို့ ညီအစ်ကိုနှစ်ယောက်မှာ စာဖတ်ခန်းဝဆီ တပ်ပြန်ဆုတ်ရင်း မြင်သာမယ့် နေရာမှ ချောင်းကြည့်နေကြ
သလို အပေါ်ထပ်မှ ထမင်းစားဖို့ ဆင်းလာနေတဲ့ သတိုးမှာ
လည်း လှေကားဝမှာသာ ရပ်လို့ ကြည့်နေမိတော့တယ်။သတိုးအနောက်မှာက ကိုဘုန်းနှင့် ခွန်ငယ်ပင်။
စည်း တစ်ယောက်မျက်စိရှေ့မှာဟာလေးကြောင့် ကြိတ်ပြုံးမိ
သည်။လုပ်ချင်ရာလုပ်ထားပြီး ခုကျကြောက်နေလိုက်တာ။
" ဘယ်အချိန်…ပြန်လာလဲ "