" လေးငယ် "
" အင် "
" ရင်ထဲဘယ်လိုနေလဲ…သက်သာလား !
ပြည့်ကယ်နေသေး လား ပြောပါဦး "" ဟင့်…ဟာတာတာကြီးနဲ့ ဗိုက်မဝသေးဘူးဆိုမှ ! ဘယ်က
ပြည့်ကယ်ရမှာလဲ "" အာ…!!!
လေးငယ် နားမှာ ဦးခမ်းမရှိတော့ ဘယ်လိုခံစားနေရလဲ "လေးငယ်ဘာပြောလာမလဲ သိချင်မိ၍ ဆရာ့ကို မျက်စိမှိတ်ပြ
ကာ သားခန့် မေးလိုက်မိတော့ ပြန်ဖြေသည့်အဖြေက
မေးမိတာမှားပါတယ်ဟု ကိုယ့်နဖူးကိုယ် ပိတ်မရိုက်မိရုံပါပဲ။" ဗိုက်ဆာတယ်…ရင်ထဲဟောင်းလောင်းကြီးနဲ့ ဘာစားစား
ပြည့်မသွားဘူးဖြစ်နေတယ် "သားခန့် နှင့် ဆရာတို့နှစ်ယောက်မှာ ရယ်လည်းမရယ်ရက်ခဲ့ပါ
လေ။" အဲ့ဒါ…ဗိုက်ဆာတာမဟုတ်ဘူး မင်းမိန့် ရဲ့ ! မင်း ကိုကို ကို
လွမ်းနေလို့ ရင်ထဲဟာတာတာနဲ့ နေရခက်နေတာကွ "" လွမ်းတာ "
ိတိမ်လွှာ့စကားကို မျက်လုံးလေးအဝိုင်းသားဖြင့် ပြန်ကြည့်နေ ပုံလေးဟာ တကယ့် အဖြူထည်လေးမှန်း သိသာလွန်းတယ်။
" လေးငယ်…ဦးခမ်းနဲ့လိုက်သွားတုန်းက ကျနော်တို့ကို လွမ်း
တယ်မဟုတ်လား "" အင်း…လွမ်းတယ်လေ !
ခုဟာက လွမ်းတာမဟုတ်ပါဘူးဆို ! မင်းတို့ကို လွမ်းတာက
ငါ စားလို့ဝင်တယ် အိပ်လို့ပျော်တယ် ! ကိုကို့ ရင်ခွင်ထဲမှာ
ဇိမ်ရှိရှိ မင်းတို့ကိုလွမ်းတာ လွမ်းလို့ငိုတာ !ခုဟာက…အဲ့လိုမှ မဟုတ်တာလို့ !
ဘယ်လိုကြီးမှန်းမသိဘူး…ခံရခက်တယ် ! ဘာလိုလို့ လိုနေ
မှန်းမသိဘူး ဘာမှလဲ အလိုမကျဘူး !ဗိုက်ဆာလို့သာစားနေတာ အရသာလည်း မရှိဘူး !
ဟင့် ဟင့် ကိုကို က ဖုန်းလည်းမဆက်လာသေးဘူး
နေလို့ ထိုင်လို့ အဆင်မပြေပါဘူးဆို "သားခန့်တို့ မှာ လေးငယ်၏ ထိုအလွမ်းဖြေရှင်းချက်ကြောင့်
ပြောစရာ စကားလုံးတွေပါ ပျောက်ရှ။" အော် အော် !
ဦးခမ်းတို့များ အချစ် နဲ့ အလွမ်း သင်ခန်းစာကိုမသင်ပေးပဲ
အဆင့်ကျော်သင်ပေးလိုက်တော့ ငါတို့ fa တွေမှာ
ဘာဆက်လုပ်ရမှန်းတောင်မသိတော့ဘူး "