" လူကြီးက ဆေးရုံမသွားဘူးလားဟင် "
နေ့လယ်စာစားပြီးလို့
ဝရန်တာတွင်ရပ်နေသည့် စည်း လည်ပင်းကို ဖက်တွယ်ကာ
လက်ရန်းပေါ်ထိုင်နေသည့် မိန့် က မေးလိုက်တာဖြစ်သည်။" အာကွာ…မင်္ဂလာဦးအချိန်လေးတောင် ကိုယ့်ကိုအနား
မပေးချင်ဘူးပေါ့…ဟုတ်လား ကလေးပေါက်လေး "" အဲ့လိုမဟုတ်ပါဘူး …လူကြီး နဲ့မှ ဆိုပြီး ဖြစ်နေကြတဲ့
VIP တွေ VVIP တွေကြောင့်လေ "နှုတ်ခမ်းကိုစုချွန်ပြီး ပြောနေပုံက မကျေနပ်ဘူးပေါ့လေ။
" အဟွန်းး "
စည်း ရယ်မိတော့ မကျေမနပ် အကြည့်လေးက စူးခနဲ။
" ပြီးတော့…ရှိသေးတယ် "
" ဟောဗျာ…ဘာရှိသေးတာတုန်း "
" လူကြီးက မိန့် ကို အမျိုးမျိုးခေါ်နေတာပဲ! ဘာလို့ လဲ "
" ချစ်လို့…သိပ်ချစ်လို့ပေါ့ ကလေးငယ်ရယ် ! ကိုယ့်ရင်ထဲ
မှာ မင်းလေးကို ချစ်တဲ့အချစ်တွေက စကားလုံးတောင်
မရှိပါဘူးကွာ…အဲ့ဒါ မင်းလေးသိရဲ့လား "ဘာကြောင့်မှန်းမသိ လူကြီးဆီက ထိုစကားနှင့်အတူ ရီဝေဝေ
အကြည့်တို့ကို ရင်ဆိုင်လိုက်ရချိန် မိန့် နှလုံးသားထဲက
အကောင်ငယ်လေးက ခုန်ပေါက်နေခဲ့တာလေ။မိန့် အပေါ်ကောင်းပေးသည့် လူကြီးကို အားနာရလွန်းလို့
ကလေးတွေကို လွမ်းတာတောင် ဖွင့်မပြောဖြစ်ခဲ့။လွမ်းလိုက်တာမှ နင့်နေအောင်ပါပဲ။
ဒါပေမယ့် ဘယ်လိုလုပ်အိမ်ပြန်ချင်တယ် ပြောထွက်နိုင်မှာလဲ
ဖုန်းဆက်ချင်ပေမယ့် မိန့် ဖုန်းကမပါလာ။လူကြီးဖုန်းနဲ့ ယူဆက်ချင်သော်လည်း လူကြီးငြိုငြင်မှာလည်း
ကြောက်မိသည်။" ကလေးငယ်…အိမ်ကို ဖုန်းဆက်ချင်လား "
" ဟင်"
မိန့် အတွေးကို လူကြီးက သိနေတာလား။
အလန့်တကြားလေး ကြည့်မိတော့ မိန့် ကို ပြုံးပြနေသည့်
လူကြီး။" လာ…အထဲပြန်ဝင်ရအောင် ! မိုးထပ်ရွာဦးမယ်ထင်တယ်
လေတွေတိုက်လာပြန်ပြီ "