❤️အချစ်ကညှို့တယ်❤️{Part--31}
********❤️********" သားခန့်…ဒီဒီ နိုးနေပြီလား !
ညကဘယ်အချိန် သတိရတာလဲ…ငါ့ကိုကောမေးနေသေးလား ဟင် ဒီဒီက "ရောက်သည်နှင့် သူ့ဦးလေးအခန်းဆီ အရင်မတက်သွားသေးဘဲ ထမင်းစားခန်းထဲမှ ထွက်လာသည့် သားခန့်ကို တရစပ်မေးခွန်းထုတ်နေ သည့် မျိုးမြင့်မြတ်ပါလေ။
" ငါဆင်းလာတုန်းကတော့ မနိုးသေးဘူး !
သွားတက်ကြည့်လေ…ပြီးမှ ငါတက်ခဲ့မယ် !
ငါ…ဆန်ပြုတ်လုပ်နေလို့ "" အေးပါ…ငါ သွားကြည့်လိုက်ဦးမယ် "
သားခန့်လည်း မီးဖိုဆောင်ထဲပြန်ဝင်လာပြီး ဦးစိန်သီးကို
လက်လွှဲလုပ်ခိုင်းခဲ့သည့် ဖရုံသီးဆန်ပြုတ်ကို ကိုယ့်ဖာသာပြန်ပြုတ်နေ လိုက်သည်။ပူတင်းပါဖုတ်ပေးပြီး ကြိုက်တာစားလို့ရအောင် စီစဉ်ပေးမိနေတာ ညက အပြောလွန်ထားမိသည့် အတွက် တောင်းပန်ချင်တာလည်းပါပါ တယ်လေ။
လေးငယ်ကိုသနားလို့ အတင်းဝိုင်းကူလုပ်ရင်း ခွန်ငယ်မှလွဲလျှင် သားခန့်ကော ကိုဘုန်းပါ ကျွမ်းကျွမ်းကျင်ကျင် ချက်ပြုတ်တတ်ခဲ့တာ မဆန်းပါ။
ခုတော့ အမြင်ကပ်ပါသည်ဆိုသော လူအတွက် တစိမ်းတစ်ယောက် အတွက် လုပ်ပေးနေမိတာ တကယ်လည်း စိတ်တိုရမှာလား ကြည်နူးရမှာလား မဝေခွဲတတ်တော့။
ဆန်ပြုတ် နှင့် ပူတင်းရသည်နှင့် လင်ဗန်းထဲတွင် စနစ်တကျ
ထည့်လိုက်ပြီး နွားနို့တစ်ခွက်ပါထည့်ကာ အပေါ်တက်ခဲ့လိုက်သည်။" ထွက်သွား…ပြန် ! မလာခဲ့နဲ့…ငါ့ဆီကို "
" ဟင့် ဒီဒီ ! ဘာလို့…မောင်းထုတ်နေရတာလဲ ဒီဒီရယ် !
ကျနော်…တောင်းပန်ပါတယ် !
ဒီဒီ ကို စိတ်ပူလို့ပါ…ကျနော် လာတာ အိမ်ကလည်း မသိပါ
ဘူး ဒီဒီ ရယ် "" အေး…အဲ့ဒါကြောင့် မလာနဲ့လို့ ပြောနေတာကွ !
မင်း နားမလည်ဘူးလား ဟမ် နားမလည်ဘူးလား !
မင်းမိဘ မင်းအဖိုး အဖွားတွေ မသိအောင် ငါ့ဆီမလာနဲ့ !
ခိုးပြီးလည်း မလာနဲ့ ရှင်းလား မျိုးမြင့်မြတ် "" အီး ဟီး ဟီး …ဒီဒီရယ် မအော်ပါနဲ့ !
ဒီဒီ အနာက အများကြီးချုပ်ထားရတာ …ပြီးတော့
အလွှာလွှာ အထပ်ထပ်လေ !
အားပြုပြီး အော်ရင်း တစ်ခုခုဖြစ်သွားမှာ စိုးလို့ပါ ဒီဒီရယ် !
အဲ့လို တအားမအော်ပါနဲ့ "