❤️အချစ်ကညှို့တယ်❤️Part-37

150 4 0
                                    

❤️အချစ်ကညှို့တယ်❤️{Part--37}
********❤️********

" ဟုတ်တယ်…ညီငယ် !
  တိမ်လွှာ နဲ့ ကိုကြီး ညကပဲ တရားဝင်ချစ်သူတွေဖြစ်သွား
  ကြပြီ…ဝါကျွတ်ရင် လက်ထပ်ဖို့လည်းစည်းစားပြီးပြီ !
  ညီငယ်…စိတ်မဆိုးဘူး မဟုတ်လား ဟင် "

" မတူဘူး "

" ဟင်…သား "

" မင်းမိန့် "

" ကလေးငယ် "

" လေးငယ် "

****************

" အားးးးးဘာလို့ ဝိုင်းခေါ်နေကြတာလဲ "

" မင်းမိန့်…ကိုကြီး နဲ့ ငါ့ကို တကယ်ပဲ သဘောမတူ ဘူးလား ဟင် "

မျက်နှာငယ်လေးဖြင့် မေးနေသော တိမ်တိမ့်ကိုကြည့်ပြီး မိန့်
ရယ်ချင်လိုက်တာနော်။

အလကား ငလူးကောင် နည်းနည်းပါးပါး မူပါဦးလား။

ချက်ချင်း ရင်ခွင်ထဲ ပစ်ဝင်တော့တာပဲ။

ယောက်ျားဈေးကျ အဲလေ လူပျိုသိက္ခာကျလိုက်ပုံများ ဟွန့်။

စည်းကတော့ မိမိကလေးငယ်၏ မျက်နှာအနေအထားကို ကြည့်ပြီး တစ်ခုခုကိုသဘောပေါက်နေပါပြီ။

ကလေးဆိုးလေးရဲ့ မျက်လုံးက တစ်ခုခုကို ဝမ်းနည်းနေဟန် ဖြစ်နေတာ စည်း သိတာပေါ့။

" ညီငယ် …သဘောမတူဘူးလား ဟုတ်လား ဟင် သား "

" သား…လိုချင်တာကို ကိုကိုကြီးပေးရင် ! သဘောတူပေးမယ် "

" သားက…ဘာလိုချင်တာလဲ ပြောလေ  "

" ကိုကိုကြီး "

" ဗျာ…ပိစိလေးရဲ့ ပြောပါဗျာ "

ချက်ချင်း သတိုးပေါင်ပေါ်ရောက်သွားသည့် မိန့်ကမျက်နှာလေးမကောင်း ရှာပါ။

" ကိုကိုကြီး…တိမ်တိမ်နဲ့ယူပြီးရင် ဒီမှာပဲနေမှာလားဟင် "

" ကိုကိုကြီးပိုင်တဲ့ မိုးမခစံအိမ်မှာ နေမှာပေါ့ သားရယ် !
  ဒီ စံအိမ်က သားအပိုင်လေ ! "

" ဒီ စံအိမ်က အကြီးကြီးပဲ အခန်းတွေလည်း အများကြီး !
  ခြံထဲမှာလည်း အိမ်ထပ်ဆောက်လို့ရသေးတယ် !
  တိုက်ပုလေးတစ်လုံးကလည်း လွတ်နေတာ !

❤️အချစ်ကညှို့တယ်❤️Where stories live. Discover now