Description

4.4K 188 3
                                    

Description....

ကျွင်းချင်ယွီသည် ကိုယ်တိုင်ကြိုးစားအားထုတ်ပြီးနောက် သာမန်လူတစ်ဦးအဖြစ်မှ ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးအပ်ခြင်းခံရသည့် ဇာတ်လိုက်တစ်ဦးပါဝင်သော ဝတ္ထုတစ်ပုဒ်ကို ဖတ်ရှုခဲ့သည်။ သူက စစ်မြေပြင်တွင်ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် ရေသူတစ်ကောင်ကသာ ကုသပေးနိုင်၏။

သို့သော်ငြားလည်း ထိုအဓိကဇာတ်ကောင်၏ကြမ်းတမ်းသည့်အကျင့်စရိုက်ကြောင့် ရေသူများက သူ့ကိုကုသပေးဖို့ ငြင်းဆန်ကြလေသည်။

အဓိကဇာတ်ကောင်၏မိသားစုက ကြယ်စင်စုစစ်ပွဲတစ်ခုတွင် သူ၏အမှတ်သင်္ကေတကို ခိုးယူဖို့အခွင့်အရေးယူခဲ့ကြသည်။ သူ၏ရင်းနှီးသည့်သူငယ်ချင်းက သူနိမ့်ကျနေချိန်တွင် သူ့အားပစ်ပယ်လိုက်သည်။ အချိန်တစ်ခုအထိ အဓိကဇာတ်ဆောင်မှာ လူအများဝေဖန်စရာပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။ သူက ရိုးရှင်းစွာပင် ကြည့်ကောင်ပြီးသန်မာသော်ငြား ကံမကောင်းသူဟူ၍ ဥပမာထားစရာလူ ဖြစ်လာခဲ့သည်။

အစပိုင်း၌ ဇာတ်လိုက်အနေဖြင့် ထိုအချိန်တွင် ပြန်ထကာ အားလုံး၏မျက်နှာတွေကို ဖြတ်ရိုက်လိုက်သင့်သော်ငြား နောက်ဆုံးတွင် စာရေးဆရာသည် မပြည့်စုံသည့်ဇာတ်ကွက်တို့ဖြင့် တိုက်ရိုက်ပင် ဇာတ်လိုက်ကို သတ်လိုက်ပြီး အလျင်အမြန် ဇာတ်သိမ်းပစ်လိုက်လေသည်။

ကျွင်းချင်ယွီသည် ထိုစာအုပ်၏အဓိကဇာတ်ကောင်ကို စွဲကာ အိမ်မက်မက်ခဲ့ပြီးနောက် သူနိုးထလာသည့်အခါ သူက ဝတ္ထုထဲရှိရေသူတစ်ကောင်ဖြစ်လာခဲ့၏။

.......

ဖုယွမ်ချွမ်းတစ်ယောက် ရေသူကန်အနီး၌ အကြိမ်မည်မျှ သူရပ်နေခဲ့မိမှန်းမသိတော့ချေ။

ရေကန်ထဲမှ မွေးကင်းစရေသူလေးများက သူ့လက်တစ်ဝါးစာအရွယ်ထက်မပိုပေ။

ရေသူများက သူနှင့်ထိတွေ့လိုခြင်းမရှိပဲ ငြင်းဆန်ကြ၏။ မူလက ကမ်းနှင့်နီးနေသည့် ရေသူလေးများကလည်း သူရောက်လာသည်နှင့် အလျင်အမြန် ထွက်ပြေးသွားကြသည်။

လှောင်ပြောင် သရော်သံများက သူ့နားထဲမှာ ပြည့်လျှံနေခဲ့သည်။

'သူ့လိုလူက ဘယ်လိုလုပ် ရေသူတစ်ကောင်ကို လာဝယ်ရဲသေးတာလဲ'

'ငါသာသူသာဆို အိမ်မှာပဲနေပြီး သေဖို့ထိုင်စောင့်နေလိုက်မှာ၊ လျှောက်သွားပြီး လူတွေကိုခြောက်လှန့်နေမယ့်အစားပေါ့'

ဖုယွမ်ချွမ်း၏အမူအယာက မပြောင်းလဲသွားပဲ ထွက်သွားဖို့ပြင်လိုက်သော်လည်း အာမေဋိတ်သံတစ်ခုကို ကြားလိုက်ရသည်။

'အဲဒီ့ရေသူလေးက ဘာဖြစ်နေတာလဲ'

ဖုယွမ်ချွမ်း ငုံ့ကြည့်လိုက်သည့်အခါ ရွှေရောင်အမြှီးလေးဖြင့် ရေသူလေးတစ်ကောင်က ရေထဲမှ သူ့ထံကူးခတ်လာဖို့ရုန်းကန်နေတာကို တွေ့လိုက်ရလေသည်။ ရေသူလေးက ကမ်းနှင့်နီးသည့်အခါ ရပ်လိုက်လေသည်။ သူ့ခေါင်းလေးကိုမော့လိုက်ပြီး သူ၏ရွှေရောင်မျက်ဝန်းထဲတွင် သူ၏အရိပ်တို့ဖြင့် ပြည့်နေလေသည်။

အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် သူကရေသူကန်ဘေးတွင် ထိုင်ချကာ သူ၏လက်ကို ရေထဲနှစ်ဖိူ့ကြိုးစားလိုက်လေသည်။

ရေသူငယ်လေးက ထွက်မပြေးခဲ့ချေ။

ရေသူငယ်လေးက သူ၏လက်ကို ဖက်လိုက်၏။

ရေသူငယ်လေးက သူ၏လက်ချောင်းကို နမ်းလိုက်လေသည်။

ယင်းက အုံ့မှိုင်းနေသည့်ကမ္ဘာထဲတွင် အလင်းတန်းတစ်ချက်လက်သွားပြီး သူ့အား ကမ္ဘာကြီးထံ ပြန်ယူဆောင်လာသကဲ့သို့ပင်။

Xxxxxxxx

ရေသူလေးWhere stories live. Discover now