Unicode
အပိုင်း (၁) ကူးပြောင်းလာခြင်း<Tomorrow> သည် ချင်းလန် အင်တာနက်ဖျော်ဖြေရေး ကုမ္ပဏီမှ ထုတ်လုပ်သည့် စိတ်ကူးယဉ်/သည်းထိတ်ရင်ဖို/ သိပ္ပံသဘာဝလွန် ဂိမ်း ဖြစ်သည်။ ချင်းလန် အင်တာတိန်းမန့်မှ ထိပ်တန်း နည်းပညာအဖွဲ့အစည်း၏ အလွန်ခမ်းနားပြီး လက်တွေ့ဆန်သော ကမ္ဘာအပြင်အဆင်များကြောင့် <Tomorrow>သည် တစ်ခနအတွင်းမှာပင် အွန်လိမ်းဂိမ်းလောကတွင် လူသိများလာခဲ့သည်။
ဂိမ်းအစပိုင်းတွင် ကစားသူများသည် ကျောင်းသားများ၊ ကာယလုပ်သားများ၊ ကစားသမားများ အစရှိသဖြင့်တို့ကဲ့သို့ အခြေခံကျသော ဂိမ်းဇာတ်ကောင်များကို ရွေးချယ်နိုင်သည်။ သူတို့၏ အခြေခံစွမ်းရည်တို့အား ကွဲပြားမည်ဖြစ်သော်လည်း မည်သူပင် ဖြစ်နေပါစေ ဂိမ်းထဲသို့ ဝင်ဝင်ချင်း အဆင့်တွင် သင်သည် သာမန် လူနေအိမ်တစ်လုံးတွင် ပေါ်လာမည်ဖြစ်ပြီး လူသစ်စမ်းသပ်မှုဖြစ်သည့် သင်၏ နေအိမ်သို့ ကျူးကျော်လာသော ဇွန်ဘီနှစ်ကောင်ကို သတ်ရမည်ဖြစ်သည်။
ထို့နောက် အစစ်အမှန် “လူသစ်ရွာ” ဟုခေါ်သည့် ယာယီခံတပ်တစ်ခုအဖြစ် သုံးထားသော ရှော့ပင်မောလ်ကြီး တစ်ခုသို့ ဝင်ရန် သင်၏ အနီးနားရှိ NPC များနှင့် အလုပ်လုပ်ရမည်ဖြစ်သည်။ ထိုနေရာတွင် ကျပန်းစွမ်းရည်တစ်ခု သင့်တွင် နိုးထလာသည်ကို သိရမည်ဖြစ်သည်။ ထိုစွမ်းရည်ကို များစွာသော မြင်နေကျ ဝတ္ထုများထဲမှကဲ့သို့ လယ်ဗယ်မြင့် ဇွန်ဘီတို့၏ အမြုတေများကို စုပ်ယူခြင်းဖြင့် အဆင့်မြှင့်နိုင်မည်ဖြစ်သည်။
သို့သော် ဤသည်မှာ အွန်လိုင်းဂိမ်းသာဖြစ်ပြီး ဤသို့သော အလကားဆော့၍ရသော ဂိမ်းတို့၏ ရည်ရွယ်ချက်မှာ လူချမ်းသာများနှင့် ငွေဖြုန်းရသည်ကို နှစ်သက်သော တနေကုန်တနေခမ်း ပျင်းမဆုံးသော အပျင်းသမားများထံမှ ငွေရှာရန်ဖြစ်လေသည်။ သင့်မှသာ ပိုက်ဆံရှိနေသ၍ စတိုးကို ဖွင့်၍ အဆင့်အမြင့်ဆုံး စွမ်းရည်နှစ်ခုလောက် အသာလေးရနိုင်ခြင်းမှာ အိပ်မက်မဟုတ်တော့ပေ။ သေချာပေါက် ဤသို့ ငွေဖြင့် ဝယ်၍ အဆင့်မြှင့်တင်ချိန်တိုင်း စွမ်းရည်အဆင့်တက်မလာသည့် ဖြစ်နိုင်ချေသည်လည်း ရှိသည်ပင်။ သို့ဖြစ်ရာ ဤဈေးကြီးပြီး အာမခံချက်မရှိသော ဝန်ဆောင်မှုကို လူတိုင်း မတတ်နိုင်ကြပေ။
YOU ARE READING
ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...
Fantasyဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။