Part 80

316 44 0
                                    

80 01

အပိုင်း (80)

ကျန်းကျိရင်က ဒေါက်တာရိပ်နှင့် တာ့ယီနောက်မှ လိုက်ကာ ဓာတ်ခွဲခန်း၏ အဓိကနေရာသို့ ဝင်သွားလိုက်သည်။

အခန်းက မကျဥ်းပေ။ သို့သော် အမျိုးမျိုးသော ကိရိယာများ၊ ခုံစောင်းများ၊ ကွန်ပျူတာများနှင့် ပြည့်နှက်နေသည်။ အလယ်ဗဟိုနေရာကမူ အပြင်ဘက်ကို ဖောက်ထွင်းမြင်ရအောင် ကြည်လင်သည့် အထူး အကာတစ်ခုဖြင့် ခြားထား၏။ အတွင်းတွင်မူ လူတစ်ယောက်တစ်မျှ မြင့်သော တည်ဆောက်မှုတစ်ခု ရှိသည်။ အမည်မသိရသော မီတာဝက်ခန့်ရှိမည့် ထုလုံးပုံတစ်ခုထဲ ထည့်ထားသည်။

တာ့ယီက ထိုအလုံးကို လမ်းညွှန်ပြပြီးနောက် ပြောသည်။

"ဒါက ym427ရဲ့ မူရင်း ဒေတာအဖွဲ့အစည်းပေါ့၊ ဒါတွေအားလုံးကို ဒီမှာ စုစည်းထားတာ၊ သူက ကိုယ်ပိုင်အသိစိတ်ရလာခဲ့ပြီး ထွက်ပြေးသွားတာပဲ"

ကျန်းကျိရင်က အမည်မသိရသော ထို ထုလုံးကြီးကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးက တဖြည်းဖြည်းချင်း အောက်သို့ ကျသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

ဒေါက်တာရိပ်ကလည်း သူ့ကို ကိုယ်တိုင်ကိုယ်ကျ ရှေ့သို့ ခေါ်သွားပြသည်။ ထိုသို့ဖြင့် မျက်လုံးနှင့် လက်ဗွေရာများ အတည်ပြုပြီးမှသာ လျှို့ဝှက်နံပါတ်ကို ထည့်သွင်း၍ ညွှန်ကြားချက်တစ်စုံကို ရခဲ့သည်။ ဖောက်ထွင်းမြင်ရအောင် ကြင်လင်သော အကာက ပွင့်သွားပြီး လူတစ်ယောက်စာဝင်နိုင်မည့် တံခါးတစ်ချပ်ပေါ်လာသည်။ အတွင်းရှိ နေရာကမူ ကျဥ်းသည်။ ရိပ်က ကျန်းကျိရင်ကို အရင်ဝင်ခိုင်းလိုက်ပြီး သူနှင့် တာ့ယီတို့ကမူ အပြင်တွင် စောင့်နေကြသည်။ ကျန်းကျိရင်က တံခါးရှေ့တွင် ရပ်ပြီးမှ သူက ဒေါက်တာရိပ်ကို ပြန်ကြည့်သည်။

"ခင်ဗျားက ငါ့ကို ဘာလုပ်စေချင်တာလဲ"

ရိပ်က လက်ဖြန့်ပြသည်။

"မင်းကြိုက်တာလုပ်၊ ဒါမှဟုတ် စကားပြောတာမျိုးပေါ့၊ ရိုးရိုးသားသားပြောရရင် ငါလည်း မသိတော့ဘူး၊ မင်းက သူ့ကို တည်ရှိစေချင်တယ်ဆိုတာကိုပဲ ငါအတည်ပြုနိုင်တာ၊ ဒီလိုဆိုရင် သူပျောက်သွားမှာမဟုတ်ဘူး"

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now