Unicode
အပိုင်း (၁၂) အကူအညီ
ကျန်းကျိရင် လက်စွပ်ကို ကျေနပ်စွာ ဝတ်လိုက်ပြီး သူ့ခန္ဓာကိုယ် အတွင်းပိုင်းမှ အားအင်များ ရုတ်တရက် ကောင်းမွန်ပြည့်ဝလာသလို ခံစားလိုက်ရသည်။ ဂိမ်း၏ ကရိယာပိုင်းဆိုင်ရာ စီမံမှုများကို အလွန်အံ့အားသင့်စရာကောင်းကြောင်း မချီးကျူးပဲကို မနေနိုင်တော့ပေ။
ဝတ်ဆင်ပြီး နောက်တစ်စက္ကန့်တွင် သူ့ကိုယ်သူ စူပါမန်းဖြစ်သွားသလို ခံစားလိုက်ရသည်။ တစ်ခုတည်းသော အားနည်းချက်မှာ သန့်စင်သော ငွေရောင်အလင်းတန်းကြီး တစ်ချိန်လုံး တလက်လက်တောက်ပနေသည့် အချက်ကို ကြောက်နေရခြင်းဖြစ်သည်။ ငှက်ပင်ချီးမပါသည့် ဤနေရာမျိုးတွင် တော့ အဆင်ပြေသော်လည်း လူ့အသိုင်းအဝိုင်းသို့ ပြန်သွားခဲ့လျှင် အဆင်မပြေနိုင်တော့ပေ။
ဤတစ်ထောင့်ရှစ်ရာရှစ်ဆယ့်ရှစ်ယွမ်တန် ဝတ်စုံကြီးဝတ်ထားသည့် ခန္ဓာကိုယ်နှင့် ဘယ်တော့မှ အလင်းရောင်မြင်လိုက်ရတော့မည် မဟုတ်ပေ။ သူ၏ အတွေးတို့အတိုင်းသာ ဆက်၍ လုပ်လိုက်တော့ရန် ဆုံးဖြတ်လိုက်ပြီး ကျန်းကျိရင် Item Store ကို ဖွင့်လိုက်သည်။
ထို့နောက် စာမျက်နှာကို ဘယ်ဖက်ရွှေ့လိုက် ညာဖက်ရွှေ့လိုက်လုပ်ပြီး စာမျက်နှာ နံပါတ်ရှစ်သို့ တိုက်ရိုက် ကျော်သွားလိုက်သည်။ ကျန်းကျိရင် ထိုစာမျက်နှာကို ဖွင့်လိုက်သည်နှင့် ချက်ချင်း ချွေးအေးများပင် ထွက်လာသည်။ စာမျက်နှာတွင် [SEASON'S HOT SALES] ခေါင်းစည်းကြီး တလက်လက်ဖြင့် ဖက်ရှင်အမျိုးမျိုးကို ဖော်ပြရောင်းချနေသည်။
အွန်လိုင်းဂိမ်းဆော့်နေကျ လူများအနေနှင့် "fashion items"များဆိုသည့် ပစ္စည်းများနှင့် မရင်းနှီးဘဲ နေမှာ မဟုတ်ပေ။ အကယ်၍ သူတို့သာ ထို "fashion items"များကို ဝတ်ဆင်လိုက်လျှင် ထိုitemများသည် ပုံပန်းသွင်ပြင်သာ ပြောင်းလဲ လှပစေသည်မဟုတ်ဘဲ ဝတ်ဆင်ထားသော လက်နက်ကိရိယာတို့၏ မူရင်းပုံပန်းသွင်ပြင်ကိုပါ ဖျောက်ထားပေးနိုင်သည်ကို သိထားရမည်။
ကျန်းကျိရင်သည် သာမန်အကျဆုံး အဖြူရောင်တီရှပ်နှင့် ဂျင်းဘောင်းဘီ ကျောင်းသားစီးဖိနပ်ပုံစံ ရှူးဖိနပ်အဖြူတစ်ရံပါသော အဆက်ကိုသာ ရွေးဝယ်လိုက်သည်။ အဝတ်အစားများ သူ့လက်ထဲ ရောက်လာသည်ကို မြင်မှသာ ဤမှော်ဆန်သော "fashion items"များသည် အလွန်တရာကြီဂမားလာနိုင်ပြီး သူနှင့် လုံးဝ ကွက်တိကျနေနိုင်သည်အထိ ပုံဖော်ပေးသွားနိုင်သည်ကို သိလိုက်သည်။ သူချက်ချင်း အဝတ်များကို ဝတ်လိုက်သည်။ သူနှင့် တစ်ထပ်တည်းကွက်တိကျနေသည့် အဖြစ်က သူ့ကို အတော်လေး အံ့အားသင့်နေစေတုန်းပင်။
YOU ARE READING
ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...
Fantasyဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။