အပိုင်း (83)
တစ်လခန့်ကြာပြီးနောက် မိုးကြိုးအဖွဲ့က epicအဆင့်နယ်မြေမှ နောက်ဆုံးခေါင်းဆောင်ရှိသော နေရာသို့ နောက်ဆုံးတွင် ရောက်ရှိသွားခဲ့သောအခါ......သူတို့အနေဖြင့် ထိုနေရာသို့ ဆက်သွားရန် ဆယ်ရက်ခန့်ပင် အချိန်ယူခဲ့ရလေသည်။
နယ်မြေများကို ဖွင့်နေရသည်ဟုပင် သတ်မှတ်နိုင်သေးသည်။ သူတို့က လုပ်ဆောင်မှုတိုင်းကို သတိအပြည့်ဖြင့် ရွေ့လျားနေသောကြောင့် သူတို့ကိုယ်သူတို့ ချက်ချင်းလိုလို ကုသနိုင်စွမ်းပင် မရှိခဲ့သေးချေ။ ထိုနေရာက ကြီးမားသော ဂူကြီးဖြစ်ပြီး ကယ်စီယမ် ကာဗွန်နိတ်အနယ်များဖြင့် လမ်းကြောင်းအမျိုးမျိုး ခြားနေသည်။ ထိုသို့ဖြင့် မှောင်မည်းသော အန္တရာယ်များသည့် ဝင်္ကပါကြီးတစ်ခု ဖြစ်နေလေသည်။ ဖုတ်ကောင်များ၊ အခြားသော အန္တရာယ်များသည့် အရာများနှင့် သေဆုံးပြီးသော အကျွင်းအကျန်များကို မကြာခဏဆိုသလို တွေ့တွေ့နေရလေသည်။
ကျန်းကျိရင်က ထိုနေရာမှ အခြေအနေကို ပုံမှန်ထက် ဆယ်ဆခန့် သတိပိုကြပ်ပြီး ကိုင်တွယ်နေရသည်။
ဆယ်ရက်ဆက်တိုက် တိုက်ခိုက်ပြီးနောက် အားလုံး၏ စိတ်ဓာတ်အင်အားက အနည်းငယ် နိမ့်ကျလာပြီး အထောက်အပံ့ပစ္စည်းများကလည်း ပြတ်လပ်လာသည်။ ကံကောင်းစွာဖြင့် အဆုံးတွင် ခေါင်းဆောင်က နောက်ဆုံးတွင် ပေါ်လာခဲ့သည်။ ဆိုလိုသည်မှာ သူတို့က ထိုနယ်မြေ၏ အဆုံးသို့ ရောက်သွားပြီဖြစ်သည်။
ထိုနောက်ဆုံးသော ခေါင်းဆောင်က ဆင့်ကဲပြောင်းလဲသွားပုံ ပေါ်သည်။ Eဓာတ်ခွဲခန်းမှ ပုံမှန်မဟုတ်သော ဆင့်ကဲပြောင်းလဲထားသည့် အကောင်မျိုးနှင့် မတူညီခဲ့ချေ။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းက ပင့်ကူပုံသဏ္ဍာန်ဖြစ်နေပြီး အပေါ်ပိုင်းမူ လူသားမျက်နှာနှင့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့် အချိုးညီသော ပေါင်းစပ်မှုမျိုး ဖြစ်နေသေးပြန်သည်။ အနောက်တွင်လည်း အရိုးတောင်ပံကြီးနှစ်ဖက် ရှိနေသေးသည်။ ရှင်းလင်းစွာပင် သူ့ကို ပျံသန်းနိုင်အောင် မလုပ်ပေးနိုင်ချေ။ သို့သော် အရိုးတောင်ပံများ၏ အစွန်းများ၏ ထက်ရှမှုက အင်အားကြီး လက်နက်တစ်စုံ ဖြစ်သွားစေသည်။
YOU ARE READING
ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...
Fantasyဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။