30 01
အပိုင်း (၃၀) မှန်းပြီးပြောရရင်
ကမ္ဘာကြီး၏ အဆုံးသတ်သည် လူများအပေါ် ကြီးမားသော လှုံ့ဆော်မှုကြီးတစ်ခု ယူဆောင်လာပြီး အပြောင်းအလဲကြီးများ ဖြစ်ပေါ်လာစေသည်။ လူတစ်ချိုသည် ပို၍ သတိကြီးလာပြီး ဒုက္ခရောက်မည်ကို ကြောက်ရွံ့လာကြသော်လည်း တစ်ချို့ကတော့ အထိန်းအကွပ်မဲ့၍ ဥပဒေမဲ့လာတော့ကာ အင်အားနည်းသူများကို နှိမ့်ချအနိင်ကျင့်တော့သည်။
ယိုးခွင်သည် တပ်ခွဲတစ်ခုတည်းမှ ကျန်းကျိရင်ကို စော်ကားခဲ့ခြင်းကို နည်းနည်းလေးမှ ဂရုမထားခဲ့ဘဲ ဤအဖွဲ့နှင့် မစ်ရှစ်လုပ်ချိန်တွင်ပင် ဖယ်ကျဉ်ထားခဲ့သေးသည်။
မျှော်လင့်ချက် အခြေစိုက်စခန်းသည် ကြီးမားပြီး ငြိမ်သက်သော စခန်းဖြစ်သည်။ ကောင်းမွန်သော ကာကွယ်ရေးအစီအစဉ်များရှိပြီး လုံခြုံသော ပတ်ဝန်းကျင်ရှိကာ စိုက်ပျိုးရန် လယ်ယာမြေများလည်း ရှိသော အခြေစိုက်စခန်းဖြစ်သည်။
ကင်းလှည့်တာဝန်သည် လေးနက်သော ကိစ္မမဟုတ်ဘဲ အန္တာရာယ်ကြီးကြီးမားမား မရှိသော တာဝန်လည်း ဖြစ်သည်။ မတူညီသော အဖွဲ့များသည် အန္တာရာယ်အချို့ကို ရှင်းလင်းနေရသည်ဟု ပြောမည့်အစား စခန်းမှ နယ်မြေတစ်ချို့ပိုင်းခြားသတ်မှတ်ပေးပြီး သတ်မှတ်နယ်မြေတစ်ခုကိုသာ ရှင်းလင်းရေးသွားလုပ်ရသည်ဖြစ်သည်။ ဇွန်ဘီများကို ရှင်းလင်းခြင်းသည် အန္တာရယ်သိပ်မရှိသော တာဝန်သာ ဖြစ်သည်။
တစ်ဖွဲ့ချင်းစီသည် သူတို့အတွက် ပေးထားသော နယ်မြေထဲတွင် ပေါ်လာသော ဇွန်ဘီများကို ရှင်းလင်းပြီး အမြုတေများရလာချိန်တွင် သူတို့အဖွဲ့အတွက် အဆင့်မြှင့်ရန် သုံးနိုင်သည်။ တပ်ခွဲလေး ရထားသော နယ်မြေမှာ စခန်းတွင် အကြီးဆုံးမဟုတ်ပေ။ သို့ဖြစ်ရာ သူတို့နှစ်ဖွဲ့ကို လွတ်ခဲ့သော နယ်မြေကလည်း သေးသေးလေးဖြစ်သည်။
ကျန်းကျိရင်၏ အဖွဲ့မပါလျှင်ပင် သူတို့သည် ဤမစ်ရှင်ကို အချိန်သိပ်ယူမစရာမလိုပဲ ပြီးနိုင်လေသည်။ တာဝန်မှ ရလာသော အမြုတေများအားလုံးသည် စခန်းကို ပေးအပ်ရန် အမြုတေများမှလွဲ၍ ကျန်တာအားလုံး သူတို့အပိုင်သာ ဖြစ်သည်။ သို့သော် ယခုတွင် အမြုတေများကို အဖွဲ့သုံးကို ခွဲပေးရတော့မည်။ သူတို့ ဆန္ဒမရှိတာ သဘာဝကျသည်။
YOU ARE READING
ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...
Fantasyဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။