86 01
အပိုင်း (86)
သူက ပြန်လည်စတင်ခြင်းခံရသည့် စနစ်တစ်ခုလိုမျိုး အရာအားလုံးကို ဖျက်ဆီးခဲ့သည်။ အရေးကြီးဆုံးသော အခြေအနေမျိုးတွင် မသိစိတ်က အလိုအလျောက်ပင် သူ့ကို ကာကွယ်ပေးသေးပြီး နောက်ဆုံးတစ်ကဏ္ဍတွင် အလွှတ်ပေးလိုက်သည်။
အခြေစိုက်စခန်းတွင်ကကဲ့သို့ ယခုတွင်လည်း အလားတူဖြစ်သည်။
ထိုမိုးကြိုးက တားမြစ်ဒေသတစ်ခုလုံးအနှံ့ ဟိန်းဟောက်လေပြီး လှောင်အိမ်ထဲမှ လွတ်ထွက်သွားသော နဂါးကဲ့သို့ ဖြစ်သွားသည်။
"လဲ့တွန်းလား"
ရှောင်ကျင်းက မြင်ကွင်းကို ကြည့်သည်။
သာ့တောင့်က လှမ်းကြည့်လိုက်ပြီး ခေါင်းခါသည်။
"လဲ့တွန်းမဟုတ်ဘူး၊ ငါလဲ့တွန်းရဲ့ မိုးကြိုးကို မြင်ဖူးတယ်၊ ထက်ရှပြီး ရက်စက်တယ်၊ ဒါပေမဲ့ ဒီလောက်ထိ လွှမ်းမိုးနိုင်စွမ်း မရှိဘူး၊ ဒီလိုသက်ရောက်မှု ဖြစ်အောင် လုပ်နိုင်တာက ဝိုင်ပဲ"
ရှောင်ကျင်းက ပါးစပ်ပွင့်သွားသည်။
"သေချာတာပေါ့၊ သူက သူ့ကိုကြိုက်တာပဲ၊ ညီမလေး ဝိုင်ကလည်း ခေါင်းဆောင်ကို ကြိုက်တယ်"
အားခုန်းက စိတ်အေးသွားသလို သက်ပြင်းချပြီး ဖျစ်ညစ်ထားသည့် လက်ကို လွှတ်သည်။ ထိုအချိန်တွင် အစ်ကိုဖြစ်သူ၏ အသံကို ကြားလိုက်ရသည်။
"ဒေါက်တာယင် ဘာပြောခဲ့လဲ မှတ်မိလား၊ ခေါင်းဆောင်ကို ရေခဲစွမ်းအား အသက်သွင်းနိုင်အောင် ကူညီပေးခဲ့တဲ့ဆေးကို ဒေါက်တာဝိုင်က ပေးခဲ့တာတဲ့၊ ဒေါက်တာယင်ကတော့ ဝိုင်က ခေါင်းဆောင်ကို ဘယ်တော့မှ နာကျင်အောင် မလုပ်ဘူးလို့ပြောတယ်၊ သေချာနေတာပဲ၊ အခု သူက ခေါင်းဆောင်ကို ကယ်လိုက်တယ်၊ ဝိုင်နဲ့ ဒေါက်တာယင်တို့က အမွှာတွေလေ၊ ယင်ညန်နဲ့ခေါင်းဆောင်တို့က ငယ်ချစ်ဦးတွေဆိုရင် ဝိုင်လည်းပဲပေါ့"
အားခုန်းက ခေါင်းညိတ်သည်။
"ငါ ယွီဟော်အခြေစိုက်စခန်းမှာ အဖမ်းခံရတဲ့ အခြေအနေကို မှတ်မိသေးတယ်၊ အဲဒီနေရာမှာ ဝိုင်လည်း ရှိတယ်၊ အဲဒီအချိန်က သူသူ့ရဲ့ ကြောင်ကို ဘယ်လောက်ထိ အလိုလိုက်လဲဆိုတာကို မြင်ရပြီး ငါအံ့အားသင့်ခဲ့ရသေးတာ၊ အဲဒီကြောင်က ငါတို့ကို ထွက်သွားစေချင်ရင် သူက လွှတ်ပေးမှာပဲ၊ အခုမှပဲ ငါ ရှင်းပြချက် ကောင်းကောင်း ရှာတွေ့တော့တယ်၊ အဲဒီကြောင်က ရှောင်းရှန်းရဲ့ အနံ့ကို ရလောက်တယ်၊ ငါတို့က မကြာခဏ ခေါင်းဆောင်နဲ့ ရှောင်းရှန်းတို့နဲ့တူတူ ပူးပူးကပ်ကပ်နေတော့ ငါတို့ဆီက ရှောင်းရှန်းရဲ့ အနံ့ကို ရပြီး ကြောင်လေးက တွေ့သွားတာ ဖြစ်လိမ့်မယ်၊ အဲဒီအခြေအနေကတစ်ဆင့် ဝိုင်က ငါတို့က ခေါင်းဆောင်နဲ့ ရင်းနှီးမှန်းသိသွားလို့ ငါတို့ကို လွှတ်ပေးလိုက်တာ ဖြစ်လောက်တယ်"
YOU ARE READING
ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...
Fantasyဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။