Part 27

1.5K 249 3
                                    

27 01

အပိုင်း (၂၇) ပြန်လည်ရှင်သန်ခြင်း

ယင်ညန်သည် ကျန်းကျိရင်ကို သူ၏ အိပ်ရာပေါ်သို့ တင်ပေး၍ နှာခေါင်းလေးကို လက်ညှိုးဖြင့် ချစ်စနိုးလေး ပုတ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ တိုးတိုးလေးပြောလိုက်သေးသည်။

"ကျိရင်ကောကော ဟုတ်စ ပြီးတော့ မင်းလေးက ကိုယ့်ကို ကာကွယ်ပေးချင်သေးတာပေါ့လေ နောက်ဆုံးတော့ ကိုယ်ကပဲ မင်းကို ကယ်လိုက်ရတာပဲ...."

သူ၏ လှုပ်ရှားမှုတိုင်းက ရင်းနှီးလွန်းနေပြီး ချစ်ခြင်းမေတ္တာတို့ ပြည့်လျှံနေသည် မထိန်းကွပ်နိုင်တော့ပေ။ လူငယ်လေး၏ ပေါ်လွင်နေသော လည်ပင်းလေးကို လက်ဖဝါးဖြင့် ခပ်ဖွဖွပွတ်သပ်လိုက်ကာ ကောင်လေး၏ မျက်နှာနှင့် လည်ပင်းအား သူ့အပိုင်အဖြစ် တံဆိပ်ကပ်သည့်အလား ညင်သာစွာ နမ်းရှိုက်လေသည်။

အထိအတွေ့ဆက်သွယ်မှုတို့က ယခုကစလို့ ရေတံခါးကြီးဖွင့်လိုက်သည့်အလား ဘယ်သောအခါမှ ပြန်ပိတ်၍ မရနိင်တော့သည့် ရေစီးကြောင်းကြီးလို ဖြစ်သွားလေပြီဖြစ်သည်။ ယင်ညန်ကတော့ ရေစီးကြောင်းထဲ မြောပါလာသည့် ကျားကြီးပင်။ သူသည် လူငယ်လေးကို ညင်သာစွာဖြင့် ထပ်တလဲလဲ နမ်းရှိုက်ခဲ့သော်လည်း နှလုံးသားထဲမှ ဒီရေအလား တိုးပွားလာသော ခံစားချက်များက လျှံထွက်ဆဲဖြစ်သည်။

ယင်ညန် သူ့ခေါင်းသူ ကိုင်ထားမိသည်။ ကျန်းကျိရင်ကို လွတ်ပေးလိုက်ပြီး အလျင်စလိုမတ်တပ်ရပ်လိုက်ကာ သတ္တိမရှိသူတစ်ယောက်လို သူ့မျက်လုံးများကို လက်နှင့်အုပ်ထားမိသည်။

သူတော့ ဖျားနေပြီထင်ပါရဲ့။

'သာမန်လူတွေလိုမျိုး ရောဂါတစ်ခုခုရှိနေပြီထင်တယ်'

သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။

ယင်ညန်တွင် နေရာကျယ်ကျယ်ရှိပုံမရပေ။ သူ့အခန်းကလည်း သိပ်မကြီးပေ။ တစ်ခန်းလုံး မှတ်စုစာအုပ်များ၊ စာအုပ်များ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ၊ စာရေးစားပွဲများ အစရှိသဖြင့် ပစ္စည်းတော်တော်များများဖြင့် ပြည့်နှက်နေသည်။ အခန်းထောင့်တွင် အဖြူရောင် အိပ်ရာခင်း ခင်းထားသော တစ်ယောက်အိပ်ကုတင်ခပ်သေးသေး တစ်လုံးသာ ရှိသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now